ကိုရီယားမင်းသား Lee Jong Suk ဟာဆိုရင် ခုချိန်မှာတော့ ပရိသတ်တွေကို တာ့တာမပြပဲ စစ်တပ်ထဲဝင်သွားပြီးဖြစ်ပါတယ်။ သူဟာ စစ်တပ်ထဲဝင်သွားတဲ့နေ့တုန်းကဆိုရင် မျက်နာဖုံးအုပ်ပြီး တာဝန်ကျရာ နေရာကိုသွားကာ စစ်ထဲဝင်ခဲ့ပါတယ်။ သူရဲ့နောက်ဆုံးထွက်ရှိထားတဲ့ကားကတော့ " Romance is a Bonus Book " ကားပဲဖြစ်ကာ သူစစ်ထဲဝင်တဲ့အချိန်တုန်းက မပြီးဆုံးခဲ့ပါဘူး။ ပရိသတ်တွေအတွက်တော့ စိတ်မကောင်းစရာဖြစ်ခဲ့ပါတယ်....။ 

ဒါပေမဲ့ နောက်ဆုံးအပိုင်းကိုတော့ မတ်လ ၁၇ရက်နေ့မှာ ရုပ်သံတွေမှာ ပြသခဲ့ပါတယ်။ Lee Jong Suk က အဲ့ကိစ္စနဲပပတ်သတ်ပြီး သူရဲ့ပရိသတ်တွေအတွက် စာပို့ခဲ့ပါတယ်။ " ချစ်ရပါသော ပရိသတ်ကြီး...ခုလိုမျိုး Cha Eun Ho(ဇာတ်ဆောင်နာမည်) ကိုထောက်ပံ့အားပေးလို့ကျေးဇူးတင်ပါတယ်...ကျွန်တော်ကို မင်းသားအဖြစ်မြင်ရတာ ၁၀နှစ်လောက်ရှိပါပြီ...ကျွန်တော် ပရိသတ်ကြီးဆီ စားရေးလိုက်တဲ့အတွက် ပျော်မိပါတယ် " ဆိုပြီးအစချီရေးခဲ့ပါတယ်။  

အဲ့နောက်မှာတော့ သူအနေနဲ့အနုပညာလောကကို ဘယ်လိုဖြတ်သန်းခဲ့ရကြောင်း စသဖြင့်ပြောဆိုခဲ့ပါတယ်။ သူအခုလို အနုပညာလောကကို ခဏရပ်တန်းထားပေမဲ့ တစ်ချိန်ကြရင် ပရိသတ်တွေဆိတစ်ဖန်ပြန်ရောက်လာအုန်းမှာပါ....ပရိသတ်ကြီးလဲ သူရဲ့ကားတွေကို စောင့်မျှော်နေအုန်းမယ်လို့ထင်ပါတယ်။ သူရဲ့နောက်ဆုံးစာကြောင်းလေးကတော့ ပရိသတ်ကြီး ကျန်းမာရေးကောင်းမွန်မယ်လို့ထင်ပါတယ်....ပြီးတော့ ကျွန်တော်အမြဲတမ်း ပရိသတ်ကြီးကိုချစ်ပါတယ် ဆိုပြီးစာကိုအဆုံးသတ်ခဲ့ပါတယ်။ 

Source : Soompi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။