ပရိသတ်တွေရဲ့ အသည်းကျော် မင်းသမီးချောလေးမေမြင့်ရိုရ်ကတော့ အနုပညာလောကမှာ ယောကျၤားလေးပရိသတ်တွေအပြင် မိန်းကလေးပရိသတ်တွေကပါ တခဲနက်အားပေးချစ်ခင်နေကြတဲ့ ပြည်သူ့အချစ်တော် မင်းသမီးချောလေးပဲ ဖြစ်ပါတယ်နော်..။

အောင်မြင်ကျော်ကြားတဲ့ အချစ်တော်လေး မေကတော့ အေးချမ်းတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားသလို ပရိသတ်တွေလည်းအမြဲ အချစ်ပိုအောင် ဖမ်းစားနိုင်သူလေးဆိုလည်း မမှားပါဘူးနော်..။

အလှူအတန်းလေးတေံကို အမြဲပြုလုပ်လေ့ရှိတဲ့ အားလုံးရဲ့အသည်းကျော်လေး မေကတော့ အခုတစ်ခါမှာလည်း မိဘနဲ့မိသားစုအပြင် ပရိသတ်တွေကိုပါ အမှူးထားပြီး သာသနာပြုအလှူလေးမှာ တတ်နိုင်သလောက်လေး လှူဒါန်းကုသိုလ်ယူနေပါတယ်နော်..။

မိဘနှစ်ပါးကိုအမှူထားပြီး သူမနဲ့ချစ်ရတဲ့တစ်ဦးတည်းသော မောင်လေးဖြစ်တဲ့ သရုပ်ဆောင်မင်းသားချောလေး သျှင်းမြတ်တို့ရဲ့နာမည်အပြင် သူမရဲ့ကျေးဇူးရှင်ချစ်ပရိသတ်တွေဖြစ်ကြတဲ့ ခုနှစ်ရက်သားသမီးများ အလှူအဖြစ် လှူဒါန်းခဲ့တာ ဖြစ်ပါတယ်နော်..။

သဲဖြူမဟာမြိုင်ဆရာတော်ကြီးရဲ့စံကျောင်းတော်အမိုးမိုးဖို့အတွက် အလှူငွေ (၂၅)သိန်းနဲ့ မှော်ဘီမြို့၊ အောင်ဇမ္ဗူဆရာတော်တည်ထားတဲ့ ချင်းပြည်နယ်မွှာပီးဘုရားမြေထိန်းနံရံအတွက် အလှူငွေ (၂)သိန်းခွဲတို့ကို လှူဒါန်းကုသိုလ်ယူခဲ့တာ ဖြစ်ပါတယ်နော်..။

မေလေးကတော့ သူမရဲ့သာဓုခေါ်စရာ လှူဒါန်းမှု့ကုသိုလ်အစုစုတို့ကိုလည်း (၇)ရက်သားသမီး ပရိသတ်များအားလုံး ကုသိုလ်အမျှလေးတွေ ပေးဝေထားပါသေးတယ်နော်..။

Photo - မေမြင့်မိုရ်၊ မြင့်မြင့်ဝင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။