ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပီပြင်တဲ့ သရုပ်ဆောင်ပိုင်နိုင်မှုတွေနဲ့ သူ့နေရာနဲ့သူ သူ့ကာရိုက်တာနဲ့သူ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားကြတဲ့ ပြည်သူ့အချစ်တော်တွေထဲမှာ မြင့်မြတ်နဲ့ ကေညီတို့ကတော့ အတော်လေးကို အတွဲညီပါတယ်နော်..။

ညီအစ်ကိုတွေကို ချစ်ခင်ရင်းနှီးမှုလေးတွေနဲ့ မြင်တွေ့ရတဲ့ မြင့်မြတ်နဲ့ကေညီတို့ အနုပညာရှင်ညီအစ်ကို နှစ်ယောက်ကတော့ ဇာတ်ကားအတော်များများကိုလည်း အတူသရုပ်ဆောင်ထားကြပြီး ဇာတ်ကားတိုင်းလိုလိုမှာလည်း အပေးအယူမျှမျှနဲ့ လိုက်ဖက်ညီစွာ သရုပ်ဆောင်နိုင်ကြသူတွေလည်း ဖြစ်ပါတယ်နော်..။

ရုပ်ရှင်ဇာတ်ကားတွေထဲမှာ ချစ်ခင်ကြရုံသာမက အပြင်လောကဘဝတွေမှာလည်း တစ်ယောက်နဲ့တစ်ယောက် ညီအစ်ကိုတွေကို ချစ်ခင်ကြတဲ့ သူတို့နှစ်ယောက်ကတော့ လတ်တလောမှာလည်း မိသားစုတွေ စုံစုံညီညီနဲ့ ဘုရားဖူးသွားခဲ့ကြတာ တွေ့ရပါတယ်နော်..။

ရွှေတိဂုံဘုရားမှာ မိသားစုတွေ စုံစုံညီညီ ဘုရားဖူးသွားရင်း အတူကုသိုလ်ယူခဲ့ကြသလို အပြန်မှာလည်း အကင်တွေနဲ့ မုန့်တွေစားကာ အမှတ်တရအချိန်လေးတွေ ဖန်တီးခဲ့ကြတာ ဖြစ်ပါတယ်နော်..။

အခုလို မိသားစုလိုက် စုံစုံညီညီနဲ့ ပျော်ပျော်ရွှင်ရွှင် ဘုရားဖူးခဲ့ကြတဲ့ ကြည်နူးစရာအမှတ်တရ ပုံရိပ်လေးတွေကိုလည်း ကေညီက ချစ်ပရိသတ်တွေကိုလည်း ပြန်လည်မျှဝေထားပါသေးတယ်နော်..။

"Dနေ့ ဘုရားဖူးတယ် အကင်စားကြတယ်.." ဆိုပြီး ဘုရားဖူးရင်း မိသားစုနှစ်စု အတူတူ ဘုရားဖူးရင်း အမှတ်တရဓာတ်ဖမ်းခဲ့ကြတဲ့ ပုံရိပ်လေးတွေကို ကေညီက ပြန်လည်မျှဝေထားတာပဲ ဖြစ်ပါတယ်နော်..။

Photo - ကေညီ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။