ကိုယ်ပိုင်brandလေးတွေထုတ်လာပြီးပရိသတ်အားပေးမှုကလည်းအမြင့်ဆုံးမှာရှိနေပြီးအောင်မြင်နေတာကတော့ Beauty Blogger မလေးနေခြည်ဦးပဲဖြစ်ပါတယ်။သူမရဲ့productအသစ်လေးတွေအလှအပလမ်ညွှန်မှုတွေဆိုမိန်းကလေးပရိသတ်တွေမလွတ်တမ်းစောင့်ကြည့်နေတာပါ။သရုပ်ဆောင်ပိုင်းမှာလည်းကြိုးစားအားထုတ်မှုတွေကြောင့်အချိန်တိုအတွင်းမှာအောင်မြင်လာပြီးပရိသတ်အားပေးမှုတွေနဲ့အောင်မြင်နေသူတစ်ယောက်ပါ။ 

အနုပညာအလုပ်တွေမှာအောင်မြင်တဲ့အချိန်တွေပိုင်ဆိုင်ထားသာမကကြည်နူးပျော်ရွှင်စရာကောင်းတဲ့အချစ်ရေးလေးကိုပိုင်ဆိုင်ထားတာပါ။သူမတို့အချစ်ရေးလေးကလည်းပရိသတ်တွေကြားမှာအားကျနေရတာပါ။တစ်ယောက်ကိုတစ်ယောက်ဂရုစိုက်ကြင်နာမှုပုံရိပ်လေးတွေကပရိသတ်တွေကိုအချစ်တွေပိုစေတာပါ။

ချီချီတို့ချစ်သူနှစ်ဦးကတော့နေထိုင်ရာအရပ်တွေမတူညီကြပေမယ့်နှစ်ယောက်သားတူတူအမြဲရှိနေကြတာပါ။ချီချီကလည်းသူ့ချစ်သူလေးရှိရာအရပ်ကိုသွားပြီးနွေးထွေးမှုတွေပေးတက်တဲ့ချစ်သူလေးပါ။ဒီနေ့လေးကတော့ ချီချီရဲ့အချစ်ရဆုံးသောချစ်သူလေး အောင်နွေးဦးရဲ့မွေးနေ့လေးပါ။ သူမရဲ့ချစ်သူမွေးနေ့ကိုအလုပ်တွေမအားတဲ့ကြားက မန်းလေးထိသွားရောက်ဆုတောင်းပေးခဲ့တာပဲ ဖြစ်ပါတယ်။ ချီချီရဲ့မွေးနေ့ဆုတောင်းပေးတဲ့ ပုံရိပ်လေးတွေကိုတင်ဆက်ပေးလိုက်ပါတယ်နော်။

Source- Nay Chi Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။