မော်ဒယ်၊သရုပ်ဆောင် မင်းသမီးချော စူးရှထက်ကတော့ မြင်သူတိုင်းငေးမောရလောက်အောင် ဆွဲဆောင်မှုပြည့်တဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ပုရိသတွေရဲ့အသည်းကျော် မင်းသမီးလေးဖြစ်သလို အားလုံးရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ စူးရှထက်က လက်ရှိမှာတော့ အနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ အခုဆိုရင် စူးရှထက်က ကြော်ငြာနဲ့ သီချင်းဗီဒီယိုလေးတွေ ရိုက်ကူးနေတာ ဖြစ်ပါတယ်။

သီချင်း MTV လေးတွေမှာ သူများနဲ့မတူတဲ့ပုံစံနဲ့ အမိုက်စား သရုပ်ဆောင်လေ့ရှိတဲ့ စူးရှထက်က တစ်နေ့တစ်ခြား အောင်မြင်မှုတွေ ပိုမိုရရှိလာတာလည်း တွေ့ရပါတယ်။ Tik Tok ကစားရတာ ဝါသနာပါတဲ့ စူးရှထက်က အခုလည်း ချစ်သူငယ်ချင်းနဲ့ သီချင်းလေးတစ်ပုဒ်ကို ပြန်လည်သရုပ်ဆောင်ပြထားပါတယ်။ စူးရှထက်က အခုရက်ပိုင်းမှာ ရေပန်းစားနေတဲ့ အဆိုတော် ထက်ယံရဲ့ "နွေးသွားတယ်" ဆိုတဲ့သီချင်းလေးကို Tik Tok ကစားပြထားတာ ဖြစ်ပါတယ်။

စူးရှထက်က "ပေါ်ပင်မှာ ပျော်ရွှင် ခုန်ထွက် ခုန်ထွက်" ဆိုပြီး သူငယ်ချင်းနဲ့အတူ ဆော့ပြထားတဲ့ အမိုက်စား Tik Tok ဗီဒီယိုဖိုင်လေးကို တင်ပေးထားတာ ဖြစ်ပါတယ်။ " Gravity အပြင်ဘက် ခုန်ထွက် " ဆိုတဲ့ သီချင်းလေးနဲ့ အသည်းယားစရာကောင်းအောင် သရုပ်ဆောင်ပြထားတဲ့ စူးရှထက်ရဲ့ဗီဒီယိုလေးကတော့ ပရိသတ်တွေကို အချစ်ပိုစေခဲ့ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် စူးရှထက်တို့ သူငယ်ချင်းနှစ်ယောက်ရဲ့ အသစ်စက်စက် Tik Tok ဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Zar Chi; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။