မြန်မာ့ယဉ်ကျေးမှုအနုပညာတွေကို ပိုမိုစိတ်ဝင်စားလာတဲ့ ဂျပန်နိုင်ငံရဲ့ လက်ရှိအခြေအနေကို ပရိသတ်တွေလည်း တွေ့မြင်ကြမယ်ထင်ပါတယ်။ မြန်မာ့ရိုးရာအစာအစာ အဝတ်အထည်နဲ့ ရိုးရာယဉ်ကျေးမှုတွေကို လေ့လာသင်ယူနေကြပြီး ဂျပန်နိုင်ငံမှာ အထင်ကရပွဲတွေအဖြစ် မကြာခဏပြုလုပ်လေ့ရှိတာတွေ့ရပါတယ်။ အဆိုပါ မြန်မာ့ရိုးရာ တွေထဲမှာ လက်ဝှေ့၊ အစားအသောက်ပွဲနဲ့ ရိုးရာယဉ်ကျေးမှု အကအလှတွေလည်း ပါဝင်လျှက်ရှိတာပဲဖြစ်ပါတယ်။  

မကြာသေးမီကလည်း ဂျပန်နိုင်ငံ တိုကျိုမြို့တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုတစ်ခုဖြစ်တဲ့ ရိုးရာအကအလှပွဲကို ပြုလုပ်ခဲ့ကြတာတွေ့ရပါတယ်။ အဆိုပါ ပွဲတော်ကတော့ အပြည်ပြည်ဆိုင်ရာနေ့မှာ ပြုလုပ်ခဲ့တဲ့ ပွဲတော်တစ်ခုဖြစ်ပြီး မြန်မာ့ရိုးရာယဉ်ကျေးမှုအကကို ဂျပန်နိုင်ငံသူ ချစ်စရာအမျိုးသမီးလေးတွေက ကပြခဲ့တာပဲဖြစ်ပါတယ်။  

အဆိုပါ ချစ်စရာဂျပန်မလေးတွေရဲ့ မြန်မာ့အကအလှကို ကပြခဲ့တဲ့ ဗီဒီယိုဖိုင်လေးက ပရိသတ်တွေကြားမှာရေပန်းစားခဲ့ပြီး ကြည့်ရှု့သူများစွာရှိခဲ့တာပဲဖြစ်ပါတယ်။ မြန်မာ့ရိုးရာအကတေးသီချင်းနဲ့ ညီညီညာညာကပြခဲ့တဲ့ ချစ်စရာဂျပန်မလေးတွေရဲ့ ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

vIDE0 - THAN ZAW THAN ZAW

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။