ကမ္ဘာကျော်သရုပ်ဆောင်မင်းသား Channing Tatum နဲ့ နာမည်ကျော်အဆိုတော်တစ်ယောက်ဖြစ်တဲ့ Jessie J တို့ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကမှ ချစ်သူတွေဖြစ်ခဲ့ကြတာဖြစ်ပါတယ်။ သူတို့နှစ်ယောက် ချစ်သူတွေဖြစ်နေတာကိုတော့ မသိရှိခဲ့ကြပါဘူး...နောက်ပိုင်းကျတော့ သူတို့နှစ်ယောက်ဟာ လူတွေကြားထဲမှာ ပေါ်ပေါ်ထင်ထင် တွဲကာ ပရိသတ်တေါနဲ့ မီဒီယာတွေကို သိစေခဲ့ပါတယ်။ Tatum ရဲ့အသက်ဟာ ၃၈နှစ်ဖြစ်ပြီး Jessie ကတော့ အသက်၃၀ရှိပြီဖြစ်ပါတယ်။  

ခုချိန်မှာတော့နှစ်ယောက်က ဆုံးဖြတ်ထားတဲ့အတိုင်း လူတွေကြားထဲမှာပင် အများနည်းတူ ချစ်သူဘဝကို ဖြတ်သန်းနေပါတယ်။ တနင်္လာနေ့က သူတို့နှစ်ယောက်ဟာ ခရီးသွားဖို့ လန်ဒန်ကနေထွက်ခွာရန် လေယာဉ်ကွင်းကိုသွားခဲ့ပါတယ်။ နှစ်ယောက်လုံးက အမဲရောင် အင်္ကျီကိုဝတ်လာခဲ့ကာ လူကြားထဲမှာပဲ ပေါ်ပေါ်ထင်ထင်သွားခဲ့ကာ အသက်၆၉နှစ်ရှိပြီဖြစ်တဲ့ အဆိုတော်တစ်ယောက်ရဲ့မိသားစုနဲ့အတူ Selfies ရိုက်ခဲ့ပါသေးတယ်။ သူတို့နှစ်ယောက်ကို လူမြင်ကွင်းထဲမှာတွေ့ရတာ ၃ကြိမ်မြောက်သာရှိပါသေးတယ်။ 

လူသိရှင်ကြားတွဲကြပေမဲ့လဲ လူမြင်ကွင်းမှာမြင်ရတာ ၃ကြိမ်ပဲရှိသေးတယ်ဆိုတော့ ကျန်တဲ့ချိန်တွေမှာ နှစ်ယောက်ကမတွေ့ကြဘူးလားမသိဘူး....။ သူတို့နှစ်ယောက်ဟာ လွန်ခဲ့တဲ့၄နှစ်ုတန်းက MTV ဆုပေးပွဲမှာ ပထမဆုံးတွေ့ရှိခဲ့တာဖြစ်ကာ ၂၀၁၈ခုနှစ် April လမှာ Tatum က အိမ်ထောက်သက်တမ်း၉နှစ်ရှိပြီဖြစ်တဲ့ Jenna Dewan နဲ့ တရားဝင်လမ်းခွဲခဲ့ပါတယ်။ ပရိသတ်ကြီးအတွက် လေယာဉ်ကွင်းကပုံတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ 

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။