ချစ်ပရိတ်သတ်ကြီးရေ MRTV4 က စီစဉ်ထုတ်လုပ်တဲ့ ဇာတ်လမ်းတွဲများကနေ လူသိများလာကာ နာမည်ကျော်ကြား လူကြိုက်များလာတဲ့ သရုပ်ဆောင်မင်းသားချောလေး ကျော်စုကိုတော့ ပရိတ်သတ်တွေ ချစ်ကြမယ်ထင်ပါတယ်။သူဟာ ကျရာဇာတ်ရုပ်ကိုပီပီပြင်ပြင်သရုပ်ဆောင်ရင်း ပရိတ်သတ်အသိမှတ်ပြုလက်ခံလာတဲ့မင်းသားချောလေးဖြစ်ပါတယ်။လတ်တလောမှာလည်းဇာတ်ကားတွေကြော်ငြာတွေရိုက်ကူးနေတယ်လို့လည်းသိရပါတယ်။

သူဟာ သရုပ်ဆောင်ပိုင်းမှာ ပီပြင်ရုံမကပဲ ဖက်ရှင်ဒီဇိုင်းမှာလည်း အမြဲအသစ်သစ်တွေနဲ့ လန်းနေသူလေးလည်းဖြစ်တာကြောင့်မိန်းကလေး ပရိတ်သတ်အများစု အားပေးချစ်ခင်နေကြတာလည်းဖြစ်ပါတယ်။လတ်တလောမှာတော့ သူကိုယ်တိုင်သီဆိုထားတဲ့ ရေပျော်ဌက် သီချင်းအမြည်းလေးကို ဖေ့ဘွတ်စာမျက်နှာမှာ ဖော်ပြထားတာတွေ့ရပါတယ်။သီချင်းဗီဒီယိုလေး တင်ပြီးပြီးချင်းမှာတင် ဝင်ရောက်နားထောင်သူတွေများပြားခဲ့တာဖြစ်ပြီး ဆွေးချင်စရာကောင်းလောက်အောင် အရမ်းနားထောင်လို့ကောင်းနေတာလည်းဖြစ်ပါတယ်။

သူရဲ့ အမာခံပရိသတ်တွေကလည်း သီချင်းအပြည့်အစုံလေးကို နားထောင်ချင်နေကြတာလည်းဖြစ်ပါတယ်။ကဲချစ်ပရိသတ်ကြီးတွက် ကျော်ဆုရဲ့ သီချင်းဗီဒီယို အမြည်းလေးကို မျှဝေပေးလိုက်ပါတယ် ။ရှေ့ဆက်ပြီးလည်း သူရဲ့အနုပညာအလုပ်တွေ ဆက်လက်အားပေးလိုက်ပါအုံးနော်။ကျော်ဆုလည်း ဒီထက်မကအောင်မြင်မှုတွေရရှိပါစေဆုတောင်းပေးလိုက်ပါတယ်။

Source:Kyaw Su

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။