ချစ်ပရိတ်သတ်ကြီးရေ ... လူငယ်သရုပ်ဆောင် တေးသံရှင်အဆိုတော်မလေးတစ်ဦးဖြစ်တဲ့ မင်းသမီးေ ဝါဆိုမိုးဦးကို မသိတဲ့သူမရှိပါဘူးနော်။ သူမဟာ သရုပ်ဆောင်လောကထဲကနေပြီးတော့ သူမဝါသနာပါတဲ့ အဆိုဘက်ကို ပါတဖြည်းဖြည်းချင်းအခြေချဝင်ရောက်လာခဲ့သူလေးပါနော်။

သရုပ်ဆောင်ပိုင်းမှာလည်း အရမ်းကိုထူးချွန်သလောက် အဆိုဘက်ပိုင်းမှာလည်း တကယ်ကို မထင်ရလောက်အောင်ပရိတ်သတ်တွေရဲ့ နှလုံးသားကို သူမရဲ့အသံချိုချို သံစဉ်ခပ်ခပ်မိုက်မိုက်လေးတွေနဲ့သိမ်းပိုက်ယူနိုင်ခဲ့ပါတယ်နော်။ သူမ သိပ်ချစ်ရတဲ့ သူမရဲ့ ချစ်သူဖြိုးလေး ဆိုတာကလည်း အဆိုတော်လောကမှာ အောင်မြင်နေတဲ့ လူငယ် Rapperဖြစ်တဲ့အတွက် သီချင်းတွေနဲ့ အဆက်မပြတ်ခဲ့ပါဘူးနော်။

ဝါဆိုမိုးဦးဟာ ဖြိုးလေးရဲ့ အခုနောက်ဆုံးထွက်ရှိထားတဲ့ "ဘာတွေဖြစ်?" ဆိုတဲ့ ထဲမှာဆိုရင် ဖြိုးလေးနဲ့အတူ Blacklist ဆိုတဲ့ သီချင်းတစ်ပုဒ်ကို ပါဝင်သီဆိုထားပါတယ်နော်။ ဒီသီချင်းဟာဆိုရင် အခု JooX ရဲ့ Top 100 Chartမှာ ပရိတ်သတ်တွေနားထောင်မှုအများဆုံး စာရင်းမှာ နံပါတ်(၇)နေရာကိုရရှိထာနေခဲ့ပါတယ်နော်။ တကယ်ကို အမိုက်စားသီဆိုထားပြီး ပါးစပ်ထဲစွဲလွယ်တဲ့တေးသီချင်းလေးမို့ ပရိတ်သတ်တို့ နားမထောင်ရသေးရင် အခုပဲနားထောင်လိုက်ကြဖို့ တိုက်တွန်းလိုက်ပါရစေနော်။

Source : War So Moe Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။