စိုင်းစိုင်းဟာ အဆိုကောင်းရုံသာမဟုတ်ပဲ နောက်ပိုင်းမှာလည်း ကျွမ်းကျင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်တွေယနေ့ထိတိုင်အားပေးနေကြတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် နှုတ်ခမ်းနီမလေးများဟာလည်း စိုင်းစိုင်းဆိုတာနဲ့ အသည်းစွဲဖြစ်နေရတာလည်း သူ့ရဲ့အားသာချက်များပဲ ဖြစ်ပါတယ်။ စိုင်းစိုင်းဟာ ဆယ်စုနှစ် နှစ်စုတိုင်အောင် အနုပညာလမ်းကြောင်းမှာ အောင်မြင်မှုများစွာနဲ့ ရပ်တည်နေတာလည်း ဖြစ်ပါတယ်။

သူ့ရဲ့showပွဲတိုင်းကလည်းပရိသတ်တွေကွင်းလုံးပြည့်နဲ့ပွဲတိုင်းမှာတွေ့ရတာပါ။ မကြာမီလပိုင်းအတွင်းမှာလည်းသူရဲ့မွေးနေ့အတွက်ပရိသတ်တွေကစိတ်ဝင်စားနေကြပါပြီ။ နှစ်စဉ်နှစ်တိုင်းလုပ်တာတာဒီနှစ်ဆို၁၅ကြိမ်မြောက်မွေးနေ့showကိုလုပ်တော့မှာဖြစ်ပါတယ်။ ဒီနှစ်မှာလည်းထူးခြားတဲ့အထိမ်းမှတ်တွေပါမှာဖြစ်တာကြောင့်ခုချိန်ထဲကပရိသတ်တွေရင်ခုန်နေတာပါ။ 

ဒီနှစ် မွေးနေ့လေးဟာ သူ့ဘဝအတွက် အထူးခြားဆုံးပွဲလေးပွဲ ဖြစ်ပါတယ်။ စိုင်းစိုင်းဟာ နောက်နှစ်များမှာ မွေးနေ့ပွဲလုပ်ဖြစ်မှာ မသေချာတော့တဲ့အတွက် ဒီနှစ်မွေးနေ့ပွဲဟာ သူ့ဘဝအတွက်အထူးခြားဆုံးပွဲလေးဖြစ်လာမှာပါ။ စိုင်းစိုင်းဟာ ဒီပွဲလေးအတွက် လက်မှတ်များကို အကြိုဝယ်ယူလိုချင်သူများအတွက် မတ်လ ၃၀ ရက်နေ့တွင် မြန်မာပလာဇာမှာ ရောင်းချပေးမှာပဲ ဖြစ်ပါတယ်။ အမှတ်တရအနေနဲ့ ပထမဆုံးလက်မှတ်ဝယ်ယူသူ အယောက်၁၀၀၀ ကိုဦးထုပ်လက်ဆောင်ပေးမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် လက်မှတ်ဝယ်ယူသူတိုင်းကို AYA Visa SAI SAI Card များလည်း လက်ဆောင်ပေးမှာပဲ ဖြစ်ပါတယ်။ စိုင်းစိုင်းကိုချစ်တဲ့ ပရိသတ်ကြီးအတွက် မွေးနေ့ပွဲလေးအကြောင်းကို ဖော်ပြပေးလိုက်ရပါတယ်နော်။

Source - Sai Sai Kham Leng 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။