သရုပ်ဆောင် မင်းသားချော ဇေရဲထက်ကတော့ ကျရာဇာတ်ရုပ်မရွေး အပီပြင်ဆုံးနဲ့ အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ပိုင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးအောင်မြင်ခဲ့တဲ့ ဇေရဲထက်က လက်ရှိမှာလည်း မင်းသား ပြေတီဦး၊ မင်းသမီး နွယ်ဒါလီထွန်းတို့နဲ့အတူ " အသည်းကွဲသာဓု" ဆိုတဲ့ ဇာတ်ကားကြီးကို ရိုက်ကူးပုံဖော်နေတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဇေရဲထက်က ကချင်ပြည်နယ် မြစ်ဆုံကို အလည်သွားရင်း အွန်လိုင်းပေါ်မှာ နာမည်ကြီးနေတဲ့ အန်တီကြီးရဲ့ဆိုင်ကို သွားရောက်အားပေးခဲ့ပါတယ်။ သူမကတော့ မြစ်ဆုံမှာ " သံယောဇဉ် " ဆိုတဲ့ စားသောက်ဆိုင်လေးဖွင့်ထားတဲ့ တိုင်းရင်းသူတစ်ယောက်ဖြစ်ပြီး မြန်မာစကားကို ကောင်းကောင်း မပြောတတ်ဘဲ ပြောလိုက်တိုင်း အလွဲလေးတွေဖြစ်နေတာကြောင့် ရယ်လည်း ရယ်ရသလို ချစ်ဖို့ကောင်းသူလေးလည်း ဖြစ်ပါတယ်။

အခုလည်း ဇေရဲထက်က မြစ်ဆုံက အန်တီကြီးရဲ့ဆိုင်ကို အလည်သွားရင်း ရရှိနိုင်တဲ့ အစားအသောက်တွေကို မေးမြန်းခဲ့ပြီး ပရိသတ်တွေနဲ့လည်း မိတ်ဆက်ပေးခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ Live ဗီဒီယိုဖိုင်လေးမှာတော့ ဇေရဲထက်တို့နှစ်ယောက်က အလွဲလေးတွေ ခဏခဏဖြစ်ခဲ့ပြီး ရယ်မောပျော်ရွှင်နေရတာလည်း တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ရိုးသားဖြူစင်တဲ့ တိုင်းရင်းသူ အန်တီကြီးနဲ့ ဇေရဲထက်တို့ရဲ့ ချစ်စရာကောင်းတဲ့ ဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Zay Ye Htet;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။