အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တွေထဲက မှ ဝါရင့်သရုပ်ဆောင်မင်းသမီးတစ်လက်ဖြစ်တဲ့ ခိုင်နှင်းဝေက လက်ရှိမှာဆိုရင် ပရဟိတ လုပ်ငန်းတွေကို ကိုယ်တိုင် ကိုယ့်ခြေကိုယ်လက်ဖြင့် အားကျိုးမာန်တက် ဆောင်ရွက်ပေးလျက်ရှိတဲ့ ပရဟိတ မင်းသမီးလေးအဖြစ် နာမည်ကျော်ကြားသူတစ်ယောက်ဖြစ်ပါတယ်။ လက်ရှိမှာလည်း အနုပညာအလုပ်တွေကို တတ်နိုင်သလောက်လုပ်ရင်း ပရဟိတအကျိုးတော်ဆောင် တစ်ယောက်အဖြင့် လိုအပ်နေတဲ့ သူတွေအတွက် ကူညီစောင့်ရှောက်ပေးနေတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။


တကယ့်ကို မွန်မြတ်တဲ့ စိတ်ထားအပြည့်နဲ့ ပြည်သူ့အကျိုးကိုဆောင်နေတဲ့ မင်းသမီးတစ်ယောက်အဖြစ် ပရိသတ်တွေက လေးစားအားကျရတဲ့ အမျိုးသမီးတစ်ဦးဖြစ်တဲ့ အပြင် တကယ့်ကို စိတ်ဓာတ်ပြည့်ဝတဲ့ နိုင်ငံအကျိုးကို ထမ်းဆောင်နေတဲ့ ပရဟိတမင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ ဘဝမှာ ပရဟိတအလုပ်တွေကို စွမ်းစွမ်းတမံဆောင်ရွက်ရင် အချိန်တွေကုန်နေတဲ့ ခိုင်နှင်းဝေက ချစ်စရာကောင်းတဲ့ ကလေးလေး တွေကို မွေးစားပြီးတဲ့ နောက်မှာ စိုပြည်တဲ့ မိသားစုဘဝလေးကို ရရှိပိုင်ဆိုင်နေပြီဖြစ်ပါတယ်။

ခိုင်နှင်းဝေရဲ့ ချစ်စရာကောင်းတဲ့ အသည်းကျော်လေးတွေထဲကမှ အရမ်းကို ချစ်စရာကောင်းတဲ့ သမီးလေးကြောင့် မိခင်တစ်ယောက်ရဲ့ မေတ္တာတွေ တစ်ဖွာဖွာ ပေါ်လာပြီး သူမ ကလေးတွေရဲ့ အနာဂတ်အတွက် အကောင်းဆုံး ကြိုးစားနေတာ မြင်တွေ့ရမှာပါ။ သွေးမတော်ပေမယ့် မိမိနဲ့ ရုပ်ချင်ဆင်တဲ့ သမီးလေးက စတွေ့ကတည်းက မေ လို့ ခေါ်သံလေးကြောင့် ပီတိဖြစ်ခဲ့ရပြီး သမီးလေးကို အရိပ်တကြည့်ကြည့်နဲ့ အသေးစိတ်ဂရုစိုက်ပေးနေတဲ့ ခိုင်နှင်းဝေရဲ့ မိခင်စိတ်ကတော့ အံ့မခန်းပါပဲ။ ယခုလည်း သမီးလေးအိပ်နေတုန်း လက်သည်းလေးတွေညှပ်ပေးရင်း ချစ်မဝဖြစ်နေတဲ့ ချစ်စရာဗီဒီယိုလေးကို ပရိသတ်တွေအတွက် ဖော်ပြလိုက်ပါတယ်။

Source:Khin Hnin Wai

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။