ချစ်ပရိတ်သတ်ကြီးရေ.... အနုပညာလောကမှာ ပရိတ်သတ်တွေပေးတဲ့ နေရာတစ်ခုကို ပိုင်ပိုင်နိုင်နိုင်ရရှိထားပြီးတော့ သူမဝါသနာပါတဲ့ အနုပညာအလုပ်တွေကို အရမ်းကြိုးစားတတ်တဲ့ သရုပ်ဆောင် မင်းသမီးလေးယဉ်လတ်ဟာ ပရိတ်သတ်ကြီးရဲ့ အချစ်တော်တစ်ယောက်ပါနော်။ ဆေးစက်ကျရာသရုပ်ပေါ်အောင် ပီပီပြင်ပြင် သရုပ်ဆောင်နိုင်တဲ့ အတွက် ပရိတ်သတ်တွေအချစ်ပိုနေခဲ့ရတာပါ။

ချစ်ဖို့ကောင်းတဲ့ မျက်နှာလေးနဲ့ အမိုက်စားခန္တာကိုယ်လေးရဲ့ ပိုင်ရှင်ဖြစ်ပြီးတော့ ပုရိသပရိတ်သတ်တွေတစ်ခဲနက်အားပေးနေကြတဲ့ မင်းသမီးလေးတစ်လက်ပါနော်။ အချစ်အမုန်းအလွမ်းကျရာဇာတ်ရုပ်ကို အကောင်းဆုံးပုံဖော်နိုင်သူလေးဖြစ်ပြီး သူမကို ပရိတ်သတ်တွေကတော့ ဇာတ်ကြမ်း အက်ရှင်ကားတွေနဲ့ ဆိုရင်ပိုပြီး သဘောတွေ့ကြပါတယ်နော်။

အများသိကြတဲ့အတျိုင်း သူမရဲ့ ဝါသနာက သရုပ်ဆောင်အလုပ်ဆိုပေမယ့် သူမမှာ အခြားသော ဝါသနာနဲ့Talentတွေရှိပါသေးတယ် ။အဲ့ဒါကတော့ ပန်းချီ ပုံတူ စတာတွေကို ရေးဆွဲတာပဲဖြစ်ပြီးတော့ အခုတစ်ခါမှာတော့ သူမဝါသနာပါတဲ့ ပုံဆွဲတာနဲ့ ခေတ်သစ် Digital Artwork နည်းပညာ တို့ပေါင်းစပ်ကာ 3D Animation ပုံလေးတွေကို ရေးဆွဲတာကိုလေ့လာနေခဲ့ပါတယ်နော်။ သူမဟာ ဒီ Digitalကို ဘယ်လောက်တောင်ဝါသနာပါလဲဆိုရင် အခု ဒီ ဒုတိယမြောက်ပုံလေးရေးဆွဲတဲ့အခါမှာတောင် တကယ့် Professional တစ်ယောက်ရဲ့ လက်ရာလိုမျိုး မြင်တွေ့ခဲ့ရပါတယ်နော်။ ကဲ... ဘက်စုံကိုတော်လွန်းတဲ့ ဖိုက်တင်မင်းသမီးလေးယဉ်လတ်ကို ဝန်းရံအားပေးလိုက် ကြပါအုန်းချစ်ပရိတ်သတ်ကြီးရေ... 

Source : Yin Let

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။