ပရိတ်သတ်ကြီးရေ လွှမ်းပိုင်နဲ့B Sox တို့စုံတွဲလေးက အနုပညာလောကကို စတင်ဝင်ရောက်ကတည်းက လိုက်ဖက်ညီလွန်းလှတဲ့ အတွဲလေးတစ်တွဲပါနော်။သူတို့စုံတွဲလေးက သီချင်းတွေကိုလည်း အတူတူသီဆိုရင်း လူငယ်ပရိတ်သတ်တွေရဲ့ကြားမှာ အရမ်းကို ရေပန်းစားခဲ့ပါတယ်နော်။သူတို့နှစ်ယောက်စလုံးက သေးသေးသွယ်သွယ်လေးတွေဖြစ်လို့ ချစ်စရာကောင်းပြီး ရိုးရှင်းစွာနေတတ်တဲ့ Relationship တစ်ခုပဲဖြစ်ပါတယ်။

လွှမ်းပိုင်ကတော့ သီချင်းအသစ်တွေလည်း ဆက်လက်ဖန်တီးနေသလို ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်ကူးနေပြီဖြစ်လို့ အဆိုတော် မင်းသားတစ်လက်ဖြစ်ပါတယ်။လွှမ်းပိုင်ရဲ့ အိုင်တင်သရုပ်ဆောင်ချက်တွေကလည်း အရမ်းအသက်ဝင်လွန်းလို့ သရုပ်ဆောင်ပါရမီပါတယ်လို့ ပြောလို့ရပါတယ်။B Sox ကတော့ ချစ်သူဘာလုပ်လုပ် အကုန်အားပေးပြီး ဘေးနားကနေ ပါရမီဖြည့်ဖတ်ကောင်းပီသစွာနဲ့ ကူညီဖေးမတတ်သူပါ။

သူတို့စုံတွဲလေးက တွဲလာခဲ့တဲ့ နှစ်တွေကလည်း ကြာမြင့်နေပြီဖြစ်လို့ အတူတူသွားလာလှုပ်ရှားနေပြီး ပွဲအခမ်းအနားတွေကိုလည်း စုံတွဲလိုက်တက်ရောက်နေတာဖြစ်ပါတယ်။ယခုချိန်ထိ ပရိတ်သတ်တွေရဲ့ အချစ်ကို ရရှိနေပြီး အနုပညာအလုပ်တွေကိုလည်း ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေဆဲပါ။အခုဆိုရင်တော့ လွှမ်းပိုင်နဲ့B Soxတို့က Bowling ကစားနေကြပြီး ချစ်စရာပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။

Source:Hlwan Paing/Htet Htet Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။