ပရိသတ်ကြီးကို အခုတခါဖော်ပြပေးချင်တာလေးကတော့ နည်းပညာတွေတရှိန်ထိုးဆိုးတက်နေတဲ့ ကနေ့ခေတ်ကြီးထဲမှာ စစ်လက်နက်ပစ္စည်းတွေဟာလည်း ယခင်ထက် အဖျက်စွမ်းအားပိုမိုကြီးမားလာပါတယ်။ ဒီအထဲမှာမှ အမေရိကန်နိုင်ငံကတည်ဆောက်ထားတဲ့ TR 3Bအမည်ရတဲ့ ယာဉ်ပျံဟာ လူထုကြားမှာ အပြောများဆုံး စစ်လက်နက်ပစ္စည်းတစ်ခုအဖြစ်ရေပန်းစားလို့နေပါတယ်။

ဒီယာဉ်ပျံကို အမေရိကန်တွေဟာ နာမည်ကြီးလှတဲ့ Area 51 နယ်မြေမှာ တည်ဆောက်ခဲ့တာလို့ပြောသူတွေလည်းရှိပါတယ်။ Area 51 ဟာလွန်ခဲ့တဲ့နှစ်တွေထဲက ဂြိုလ်သားတွေနဲ့ လူသားတွေ အလုပ်အတူုတွဲလုပ်နေတဲ့နေရာလို့လည်း ကောလဟာလတွေထွက်ပေါ်နေတာလည်းဖြစ်ပါတယ်။ ယခုတွေ့ရှိရတဲ့ TR 3B ယာဉ်ပျံဟာလည်း ပန်းကန်ပြားပျံကို ပုံစံယူပြီး တည်ဆောက်ထားတာဖြစ်တယ်လို့ သိရပါတယ်။

ဒီယာဉ်ပျံဟာ လက်ရှိလေကြောင်းတိုက်ခိုက်ရေးယာဉ်တွေထက် များစွာကွဲပြားပြီး သူ့မှာတပ်ဆင်ပေးထားတဲ့ လက်နက်တွေ အဖျက်စွမ်းအားပိုမိုကြီးပါတယ်။ ဒါ့အပြင် လေထဲမှာ အလိုရှိသလို သွားနိုင်ပီး နယူးကလီးယားစွမ်းအင်ကို အသုံးပြုပေးထားပါသေးတယ်။ ပစ်မှတ်ရဲ့ နေရာအတိအကျကို ပစ်ခတ်ပေးနိုင်တဲ့ အလိုအလျောက်တွက်ချက်တဲ့ စနစ်လည်းပါဝင်ဘူး မြေပြင်နဲ့ နီးကပ်စွာပျံသန်းနေရင်တောင် စက်အင်ဂျင်သံကို မကြားနိုင်အောင်လည်း ပြုလုပ်ထားပါသေးတယ်။ ဒီလို အဖက်ဖက်က ပြည့်စုံနေတဲ့ TR 3B ယာဉ်ပျံရဲ့ တန်ဖိုးဟာ ဒေါ်လာ ၃ဘီလီယံတန်ဖိုးရှိပြီး အနာဂတ်ဝေဟင် စစ်ပွဲတွေမှာ ဘယ်လောက်အထိ စွမ်းဆောင်နိုင်မလဲဆိုတာကတော့ စောင့်ကြည့်ချင်စရာကောင်းလှပါတယ်။

Source : Wikipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။