ဂရိနိုင်ငံ အေသင်က အိုအာကာ အိုလံပစ်အားကစားရုံမှာ မနေ့က ပါနာသီနိုင်းကို့ချ် ဘောလုံးအသင်းနဲ့ အိုလံပီယာကို့စ် ပီးရီးယပ်စ် ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး အဆိုပါပွဲမှာ အားပေးသူတွေက ဘောလုံကစားနေရင်း ကစားသမားတွေကို တိုက်ခိုက်ခဲ့တာကြောင့် အဆိုပါပွဲကို ဖျက်သိမ်းလိုက်ရပါတယ်။ 

ပွဲစအပြီး လေးမိနစ်အကြာမှာပဲ ပရိသတ်တွေက ကစားသမားတွေကို အသင်းရဲ့ ခုံတန်းပေါ်မှာတင် တိုက်ခိုက်ခဲ့ကြသလို အလံတွေကိုလဲ မီးရှို့ဖျက်စီးခဲ့ပါတယ်။ ဒုတိယပိုင်ပွဲကစားချိန် အိုလံပီယာကို့စ်အသင်းက တလုံးတည်းသော အနိုင်ဂိုးသွင်းယူအပြီးမှာတော့ ပရိသတ်တွေက ဒေါသမထိန်းနိုင်ဘဲ အသင်းသားတွေကို ရန်မှုခဲ့ပါတယ်။ 

ရဲတွေက မျက်ရည်ယိုဓာတ်ငွေ့တွေသုံးပြီး လူစုခွဲရတဲ့အထိ ဆိုးရွားခဲ့ပြီး ဂရိစူပါလိဒ်ကတော့ နာမည်ဆိုးတွေစတင်ပေါ်ထွက်လာခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် ကစားသမားတွေကို ရန်မှုခဲ့တဲ့ အဆိုပါဗီဒီယိုလေးကို ဖော်ပြပေးလိုက်ကာ အောက်မှာကြည့်ရူနိင်ပါတယ်။

SOURCE:DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။