ပရိတ်သတ်ကြီးရေ အနုပညာလောကမှာ တောက်ပလာဦးမယ့် ကြယ်ပွင့်လေးတွေဖြစ်တဲ့ သူရိယနဲ့ဆုအိမ့်စံတို့ အတွဲလေးကတော့ နှစ်ယောက်လုံးက အနုပညာရှင်တွေဖြစ်လို့ အနုပညာလှုပ်ရှားမှုတွေကို အတူတူ တွဲလုပ်နေတာပဲဖြစ်ပါတယ်။သူရိယက အရင်တုန်းက စိန်ဘယက် ကြော်ငြာမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးပြီး ယခုမှသာ အနုပညာအလုပ်တွေကို ကြိုးကြိုးစားပြန်လည်လုပ်ဆောင်နေတာဖြစ်ပါတယ်။

သူရိယက တက်သစ်စမင်းသမီးလေးဖြစ်တဲ့ ဆုအိမ့်စံနဲ့ ကာလကြာရှည် မေတ္တာမျှနေကြပြီး အခုဆိုရင်တော့ နှစ်ယောက်သားက စေ့စပ်လိုက်ကြပြီဖြစ်ပါတယ်။နှစ်ယောက်လုံးက ဟာသ ဗီဒီယိုလေးတွေကိုလည်း အတွဲညီညီနဲ့ ရိုက်ပြီး ပရိတ်သတ်တွေကို အပျော်တွေဝေမျှနေကြဖြစ်ပါတယ်။နှစ်ယောက်လုံးက လိုက်ဖက်ညီပြီး တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြလို့ ဘယ်သွားသွားမခွဲအတူသွားကြတာပါနော်။

ချစ်သူနှစ်ယောက်ရဲ့ ကြည်နူးနေတဲ့ ပုံရိပ်လေးတွေကလည်း မိန်းကလေးပရိတ်သတ်တွေက အားကျစေရလောက်အောင် နှစ်ယောက်သားက အရမ်းရိုတတ်ပါတယ်။ဆုအိမ့်စံကလည်း တစ်နေ့တစ်ခြားပိုပိုချစ်စရာကောင်းလာလို့ သူရိယကတော့ အရမ်းအချစ်ပိုနေရတာပါနော်။အရမ်းလှလွန်းပြီး ကလေးဆန်လွန်းတဲ့ ဆုအိမ့်စံရဲ့ ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။

Source:Hsu Eaint San

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။