ပင်ဂွင်းအားလုံးနီးပါးဟာ ကမ္ဘာ့တောင်ဘက်အခြမ်းမှာသာနေကြလေ့ရှိပြီး ကမ္ဘာ့မြောက်ဖက်ခြမ်းမှာနေထိုင်တဲ့ တစ်ခုတည်းသောပင်ဂွင်းအမျိုးအစားက Galapagos ကျွန်းက ပင်ဂွင်းတွေပဲဖြစ်ပါတယ်။ ဒီနေရာက ပင်ဂွင်းတွေကို အပူပိုင်းပင်ဂွင်းတွေလို့ခေါ်နိုင်ပါတယ်။ ဒီနေရာရဲ့ပုံမှန်အပူချိန်က ၇၃ဒီဂရီဖာရင်ဟိုက်ခန့် ရှိလို့ဖြစ်ပါတယ်။

ပင်ဂွင်းတွေဟာ မပျံတတ်ပေမယ့် အလွန်ရေကူးသန်တဲ့ငှက်ဖြစ်ပါတယ်။ သူတို့ဟာ တစ်နာရီကို ၁၅မိုင်ကနေ ၂၀မိုင်အတွင်း ကူးခတ်နိုင်ကြပါတယ်။ ၂၀မိနစ်ခန့်အသက်အောင့်နိုင်သလို အခြားမည်သည့်ငှက်တွေထက်မဆို ရေအောက်ကို ဒိုင်ဗင်ထိုးနိုင်တဲ့ငှက်တွေဖြစ်ပါတယ်။ သူတို့ကြောက်ရပြီး သူတို့ကိုအမဲလိုက်တဲ့ အကောင်တွေက Killer whale ၊ ပင်လယ်ဖျံ ၊ ငါးမန်း ၊ မြွေ တို့ဖြစ်ပါတယ်။ ပင်ဂွင်းတွေဟာ အသားစားသတ္တဝါဖြစ်ပြီး ပုဇွန်ဆိတ်၊ ကင်းမွန်ငယ်တွေ နဲ့ ငါးတွေကို စားသုံးပါတယ်။

ပင်ဂွင်းတွေမှာ ထူးဆန်းတဲ့အကျင့်ရှိပါသေးတယ်။ ဒါကတော့ သူတို့ရဲ့သားပေါက်ကလေးဟာ တစ်စုံတစ်ရာကြောင့် ဆုံးရှုံးသွားသည်ရှိသော် အခြားမိသားစုက ပင်ဂွင်းသားပေါက်တစ်ကောင်ကို ပြန်လည်ခိုးယူတတ်ကြတာပါ။ ပင်ဂွင်းအမျိုးအစားထဲမှာ အသေးဆုံးပင်ဂွင်းကတော့ Fairy ပင်ဂွင်းဖြစ်ပါတယ်။ အလေးချိန် ၂ပေါင်ခန့်သာ ရှိပါတယ်။ အင်ပါယာပင်ဂွင်းကတော့ အကြီးဆုံးဖြစ်ပြီး ပေါင် ၉၀ခန့် အထိရှိတတ်ပါတယ်။ အရွယ်အားဖြင့်လည်း ၃ပေ၇လက်မခန့် ရှိတတ်ပါတယ်။

Source : Thutazone

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။