မြန်မာရုပ်ရှင်လောကမှာ အနုပညာရှင်တွေအလိုချင်ဆုံး ဆုတစ်ဆုကို ပေးအပ်ချီးမြှင့်တဲ့ ရင်အခုန်ရဆုံး ပွဲကြီးဖြစ်တဲ့ အကယ်ဒမီဆုပေးပွဲကြီးက လက်ရှိ မြန်မာ့ရုပ်ရှင်လောကရဲ့ မာန်တိုင်တစ်ခုဖြစ်ပါတယ်။ ဒါ့ပြင် အနုပညာရှင်တွေအားလုံးကလည်း အကယ်ဒမီဆုကြီးကို လေးစားတန်ဖိုးထားကြပြီး ကိုယ့်ရဲ့ အကောင်းဆုံး ကြိုးစားမှုတွေအတွက် ထိုက်တန်စွာ ဂုဏ်ပြုခံရတဲ့ ပွဲတစ်ပွဲဖြစ်တာကြောင့် ပရိသတ်တွေကလည်း အရမ်းကို ရင်ခုန်စိတ်လှုပ်ရှားနေရဆဲဖြစ်ပါတယ်။

ယခုနှစ်မှာတော့ ရုပ်ရှင်လောကသားတွေအတွက် နောက်ထပ် ရင်ခုန်ရမယ့် ဆုပေးပွဲကြီးကို စတင်အကောင်အထည်ဖော်ခဲ့ပြီဖြစ်ပါတယ်။ ထိုပွဲကြီးမှာ အနုပညာနယ်ပယ်အသီးသီးမှ ပညာရှင်တွေအတွက်ဆုပေါင်း (၂၃) ဆုကို ပေးအပ်ချီးမြှင့်မှာဖြစ်ပါတယ်။ ထိုဆုများထဲက Popular Award နှင့် People’s Choice Award တို့အတွက် နာမည်ကြီး မင်းသား မင်းသမီးတွေကို ပရိသတ်တွေက လွတ်လပ်စွာ နဲ့ အကန့်အသတ်မရှိ SMS ဖြင့် မဲပေးပြီး ရွေးချယ်မည်ဖြစ်ကြောင်း အစပိုင်းမှာ ကြေငြာခဲ့တာဖြစ်ပါတယ်။ အဆိုပါ စနစ်ကို လုပ်ဆောင်ခဲ့ခြင်းက ငွေကြေး အကျိုးအမြတ်အတွက်လုပ်ခဲ့တာမဟုတ်ဘဲ အမေများအဖွဲ့အတွက် လှူဒါန်းငွေပေးအပ်ချီးမြှင့်နိုင်ဖို့ ရည်ရွယ်ထားတဲ့ အကြောင်းရှင်းပြခဲ့ပါတယ်။

အဆိုပါကိစ္စကြောင့် နာမည်ကြီး အနုပညာရှင်တွေတော်တော်များများ နှုတ်ထွက်ခဲ့ကြတာကြောင့် ပရိသတ်တွေနဲ့ အနုပညာရှင်တွေရဲ့ အထင်အမြင်လွဲမှားမှုတွေကို ပြန်လည်ဖြေရှင်းခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ Popular Award နှင့် People’s Choice Award တို့အတွက် SMS ဖြင့်မဲပေးခြင်း စနစ်ကို ပြန်လည်ရုတ်သိမ်းလိုက်ပြီဖြစ်ပြီး "ဒီမိုကရေစီ စံနှုန်းနှင့်အညီအများသဘောထား ဆန္ဒအတိုင်း ဖုန်းဖြင့်ပေးပို့သော SMS Voting စနစ်ကို Star Awards ဆုရွေးချယ်ရေးကော်မတီ အနေဖြင့် ရပ်ဆိုင်းပေးလိုက်ပါသည်။ ထို့အပြင် ပေးပို့ထားပြီးသော SMS Voting အတွက် ကုန်ကျထားသည့် ငွေများကိုလည်း ပေးပို့ထားသည့်ဖုန်းနံပါတ်များအတိုင်း အော်ပရေတာများကနေ ငွေများကို ပြန်လည်ပေးပို့ပေးသွားမည်ဖြစ်ပါသည်။ " ဟု တာဝန်ရှိသူတွေက စာနယ်ဇင်းရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

Source: Star Awards

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။