တစ်ခေတ်တစ်ခါက နာမည်ကျော်ကြားခဲ့ပြီး လက်ရှိအချိန်ထိလည်း ပရိသတ်တွေရဲ့ချစ်ခင် အားပေးမှုကို အပြည့်အဝပိုင်ဆိုင်ထားတဲ့ မင်းသမီကြီးတွေ ဖြစ်ကြတဲ့ ထပ်ဆင့်အကယ်ဒမီ စိုးမြတ်သူဇာနဲ့ ထပ်ဆင့်အကယ်ဒမီ ထွန်းအိန္ဒြာဗိုလ်တို့နှစ်ယောက်သား အမေရိကန်နိုင်ငံ ကနေ မြန်မာနိုင်ငံကို ပြန်လာကြပြီပဲဖြစ်ပါတယ်။ ပြန်လာတဲ့လမ်းပေါ်မှာတော့ နှစ်ယောက် သား လေယာဉ်ပေါ်မှာ အိပ်ငိုက်နေတဲ့ ပုံရိပ်လေးတွေကို မခိုင်ကြီးတစ်ယောက် " တရား မှတ် နေကြတာလေ " ဆိုပြီး ခပ်နောက်နောက်လေး တင်လိုက်တာပဲဖြစ်ပါတယ်။

ပရိသတ်တွေရဲ့အချစ်တွေကို အပြည့်အဝသိမ်းပိုက်ထားသူနှစ်ဦးဖြစ်ကြပြီး လက်ရှိမှာတော့ မခိုင်ကြီးတစ်ယောက် သာယာအေးချမ်းတဲ့ မိသားစုဘဝ လေးမှာ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီဖြစ်ပြီး မကြီးစိုးဟာဆိုရင်လည်း ညီမလေးယောက်အတူတူပေါင်းပြီး " မင်းသမီး " ဆိုတဲ့ ကိုယ်ပိုင် ပိုးထည်ဆိုင်လေးကို ဖွင့်လှစ်ထားတာပဲဖြစ်ပါတယ်။ အသက်အရွယ်ရနေ ပေမယ့်လည်း ယခင်ကအတိုင်းပဲ ကြည့်ကောင်းနေဆဲ လှနေဆဲပါပဲ။

သူမတို့နှစ်ယောက်အတူဆုံတွေ့ပျော်ရွှင်ခဲ့တဲ့ ဒီခရီးစဉ်လေးကို မခိုင်ကြီးက " ပျော်စရာ ကောင်းတဲ့ ခရီးစဉ် ပါပဲရှင် " ဆိုပြီး နှစ်ယောက်သားရဲ့ အမှတ်တရပုံရိပ်လေးတွေနဲ့အတူ ဝေမျှလိုက်တာပဲဖြစ်ပါတယ်။ အချိန်တွေကြာလေလေ ပိုပိုလှလေလေဖြစ်ကြတဲ့ ဝါရင့် မင်းသမီးနှစ်ယောက်ရဲ့ ကြည်နူးစရာပုံရိပ်လေးတွေမို့ ပရိသတ်ကြီးကို ပြန်လည်တင်ဆက် ပေးလိုက်တယ်နော်။

Photo - Mi Mi Khine

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။