လာမယ့် မတ်လ ၂၁ ရက်နေ့မှာတော့ တရုတ်သမ္မတ ရှိကျင့်ဖျင်ဟာ ပြည်ပနိုင်ငံတွေကို အလည်အပတ်ခရီးသွားရောက်တော့မယ်လို့သိရပါတယ်။

သူ့ရဲ့အလည်အပတ်ခရီးစဉ်ကတော့ ၂၆ ရက်နေ့ထိကြာမြင့်မှာဖြစ်ပြီး အီတလီ ၊ ပြင်သစ် နဲ့ မိုနာကိုနိုင်ငံတို့ကို သွားရောက်လည်ပတ်မှာဖြစ်တယ်လို့သိရပါတယ်။

တရုတ်နိုင်ငံကတော့ လက်ရှိအချိန်မှာ ကြီးမားတဲ့ စီးပွားရေးဇုန်တစ်ခု ဖန်တီးဖို့အတွက် ကျိုးစားနေပြီး ၎င်းကိစ္စနဲ့ပတ်သတ်ပြီး အီတလီအစိုးရနဲ့ ဆေးနွေးဖွယ်ရှိတယ်လို့သိရပါတယ်။

ဒါ့အပြင် အီတလီနဲ့ တရု်နိုင်ငံ သမ္မတတွေဟာ အခြေခံအဆောက်အအုံ ပြဌာန်းချက်နဲ့ ထောက်ပံ့ရေးဆိုှု်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့အတွက် စာချွန်လွှာတရပ်ကို လက်ရပ်ရေးထိုးဖို့ မျှော်လင့်ထားကြပါတယ်။

ဒါ့အပြင် ဂရိနဲ့ ပေါ်တူဂီကဲ့သို့သော ဥရောပ သမ္မဂအဖွဲ့ဝင် နိုင်ငံအချို့ကလည်း တရုတ်နိုင်ငံနဲ့ စာချွန်လွှာ လဲလှယ်ဖို့ အသင့်ရှိနေကြတယ်လို့သိရပါတယ်။

SOURCE - THE MIRROR DAILY

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။