Wonder Woman မင်းသမီး Gal Gadot ကို ပုရီသတွေတော်တော်များများ သူမရဲ့အပြုံးကို ကြွေကြမယ်လို့ထင်ပါတယ်။ သူမဟာလဲ တစ်ချက်ပြုံးလိုက်တိုင်ကို ယောကျ်ားလေးတွေအပြင် မိန်းကလေးတွေပါ ကြွေကျရပါတယ်။ ချစ်ဖို့ကောင်းတဲ့ အပြုံးကိုပိုင်ဆိုင်ထားတဲ့ မင်းသမီးတစ်ယောက်ပဲဖြစ်ပါတယ်။ သူမရဲ့ Wonder Woman 2 ကိုရိုက်ကူးမှုတွေ ဒီဇင်ဘာလမှာပြီလို့ ခုချိန်မှာတော့ အနားယူနေလျက်ရှိပါတယ်။  

သူမဟာ Hollywood ရဲ့ အနောက်ပိုင်းမှာ အပြည့်အဝအနားယူလျက်ရှိနေတာကို တွေ့ရှိရပါတယ်။ အသက်၃၃နှစ်ရှိပြီဖြစ်တဲ့ မင်းသမီးဟာဆိုရင် ဖုန်းပြောရင် စားသောက်ဆိုင်တစ်ဆိုင်မှ ထွက်ရှိလို့လာခဲ့ပါတယ်။ သူဖုန်းပြောနေတဲ့ပုံစံကတော့ အရေးကြီးသလို ဖြစ်နေတာကိုလဲ တွေ့ရှိရပါတယ်။ သူမရဲ့ကားဖြစ်တဲ့ Wonder Woman : 1984 ကား ဟာဆိုရင် အစက November 1, 2019 မှာပြသဖို့လုပ်ခဲ့ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် June 5, 2020 မှာပြသဖို့လုပ်လိုက်ပါတယ်။ 

Wonder Woman ကားရိုက်တုန်းကဆိုရင် သူမဟာ အမေရိကန်စကားပြောတဲ့ပုံစံနဲ့မတူတော့ တူအောင်လေ့ကျင့်ခဲ့ရပါတယ်။ " ကျွန်မအသံကို အမေရိကန် အသံနဲ့တူအောင်လုပ်ရမယ်....အဲ့ကိစ္စအတွက် နည်းနည်းတော့ရှက်မိတယ်...ကျွန်မက မတူတဲ့လေသံ ဘာသာစကားကိုပြောရတော့ အဲ့အပိုင်းမှာ အနည်းငယ် အခတ်အခဲရှိတာပေါ့ " လို့သူမဟာ ပြောပြခဲ့ဖူးပါတယ်။ ပရိသတ်ကြီးရေ WW2 ကိုစောင့်မျှော်ကြည့်ရှုလိုက်ပါအုန်းနော်.......။

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။