ရော်နယ်ဒို ဆိုတာ ဘောလုံးကွင်းထဲမှာ စိတ်ကြွပ်ဆတ်ဆတ်နဲ့ ကစားသမားတစ်ယောက်ဖြစ်ပေမဲ့ အပြင်ဘဝမှာတော့ အလှူအတန်းရက်ရောတဲ့ ကစားသမား တစ်ယောက်အဖြစ် နာမည်ကြီးပါတယ်။ကလေးလေးရဲ့ ဦးနှောက်ခွဲစိတ်မှုကို ငွေကြေးစိုက်ထုတ်ပေးခဲ့ခြင်းကိုးနှစ်အရွယ်ကလေးတစ်ယောက်ရဲ့ ကင်ဆာကုသမှုစရိတ်တွေကို စိုက်ထုတ်ပေးတဲ့အထိ စေတနာကောင်းသူပါ။

Ballon d'Or ဆု ၅ ကြိမ်ရယူထားနိုင်ခဲ့တဲ့ မက်ဆီကလဲ အောင်မြင်မှုတွေများစွာရယူနိုင်သလို ဘောလုံးကွင်းထဲမှာလဲ အနေအေးသူအဖြစ် လူအများက သိကြတာပါ။ ဒါပေမဲ့ ရော်နယ်ဒိနဲ့ မက်ဆီတို့ဟာ လူသားတွေဖြစ်တာကြောင့် စိတ်ဆိုးဒေသထွက်ပြီး ပြိုင်ဖက်တွေကို ကြမ်းကြမ်းတမ်းတမ်း ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။

ကိုယ်ကိုအသားလွတ်လာညစ်ရင် လက်မြန်စွာနဲ့ပြန်ဖိုက်ကြတဲ့ ကမ္ဘာ့ကျော်တွေရဲ့ ၂၀၁၉မှဖြစ်သွားတဲ့ ပူပူနွေးနွေးအကြမ်းဆုံးရန်ပွဲဗီဒီယိုကို ဖော်ပြပေးလိုက်ပါတယ်။ တံတွေးထွေးလိုက် တမြင်တကာ တတ်နင်းလိုက်နဲ့ လူသားမဆန်တဲ့လုပ်ရပ်တွေပြုလုပ်ခဲ့တဲ့ ကမ္ဘာ့ကျော်ဘောလုံးသမားတွေရဲ့ ဗီဒီယိုဖိုင်ကိုဖော်ပြပေးလိုက်ပါတယ်။

source: the sun 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။