ကမ္ဘာကျော်ဘောလုံးသမားကြီးဒေးဗစ်ဘက်ခမ်းကတော့တစ်ချိန်ကဘောလုံးလောကရဲ့ဆရာတစ်ဆူပဲဖြစ်ပါတယ်။သူကတော့တစ်ခေတ်တစ်ခါကအံ့သြဖွယ်ရာစကေးတွေနဲ့ပရိသတ်တွေကိုရင်ခုန်စရာအချိန်တွေနဲ့သွင်းဂိုးတွေယူဆောင်ပေးနိုင်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ဘောလုံးလောကမှာအောင်မြင်ခဲ့ရုံသာမကစတိုင်ကျကျနေတက်တာကြောင့်နှုတ်ခမ်းနီမလေးတွေရဲ့အသည်းကျော်တစ်ယောက်လည်းဖြစ်ပါတယ်။

သူကတော့လက်ရှိအချိန်မှာအသက်အရွယ်ကြောင့်ဘောလုံးလောကမှအနားယူခဲ့ပေမယ့်ယနေ့တိုင်ပရိသတ်တွေနဲ့ကစားသမားတွေလေးစားအားကျနေရတာဖြစ်ပါတယ်။သူကတော့အနားယူသွားပေမယ့်လည်းဘောလုံးကိုအရူးမူးအားပေးတာကြောင့်မေဂျာလိဒ်မှာအသင်းတစ်သင်းကိုတည်ထောင်ထားတာပါ။

သူကတော့ဇနီးသည်Victoria နဲ့အတူသားသမီးလေးယောက်နဲ့ပျော်ရွှင်သာယာသောမိသားစုကြီးကိုတည်ဆောက်ထားတာပါ။သူ့ရဲ့သားတွေကလည်းအဖေ့လိုစတိုင်အပြည့်နဲ့ကြောင့်မိန်းမချောလေးတွေဝိုင်းဝိုင်းလည်ဖြစ်ပါတယ်။ခုမှာတော့၁၆ နှစ်အရွယ် Romeo Beckham ကတော့ချစ်သူလေးကိုအလင်းပြလိုက်တာဖြစ်ပါတယ်။ပရိသတ်တွေကလည်းသူတို့ကိုစိတ်ဝင်စားမှုမြင့်တက်နေပြီး Romeo Beckham ကိုတော့အဖေ့ခြေရာလိုက်နင်းပြီဆိုပြီးနောက်ပြောင်မှုတွေရှိနေတာပါ။

SOURCE:The Sun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။