MRTV 4 ရဲ့ ပထမဆုံးဇာတ်လမ်းတွဲဖြစ်တဲ့ " The Sign of Love " ဇာတ်လမ်းမှာ ပါဝင် သရုပ်ဆောင်ပြီးနောက်ပိုင်း ပရိသတ်တွေရဲ့အချစ်တွေကို သိမ်းပိုက်သွားနိုင်တဲ့ သရုပ်ဆောင် မင်းသမီးလေး ဝင့်ယမုံနိုင်တစ်ယောက် လတ်တလောမှာ ထုတ်လွှင့်ပြသနေတဲ့ " ကျွန်မက မဟေသီ " ဆိုတဲ့ ဇာတ်လမ်းတွဲမှာလည်း " စံမြန်း " ဆိုတဲ့ အမျိုးသမီးလေးတစ်ယောက်နေ ရာကနေ ပါဝင်သရုပ်ဆောင်နေတာပဲဖြစ်ပါတယ်။ ခင်ပွန်းသည်ကို မြင်နေရပါလျက်နဲ့ အဝေး ကပဲ ကြိတ်ပြီးချစ်နေရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ခံစားချက်ကို ပေါ်လွင်အောင် ပီပီပြင်ပြင် သရုပ်ဆောင်နိုင်သူ တစ်ယောက်လည်းဖြစ်ပါတယ်။

ဇာတ်လမ်းတွဲတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ကျရာဇာတ်ရုပ်ကို ပီပြင်ပိုင်နိုင် စွာ သရုပ်ဖော်နိုင်သူတစ်ယောက်ပါပဲ။ ချစ်စရာကောင်း တဲ့ အပြုံးလေးတွေက ပရိသတ်တွေ ရဲ့အချစ်တွေကို ပိုမိုတိုးပွားအောင် ဆွဲဆောင်နေသလိုပါပဲ။ အနုအပညာလှုပ်ရှားမှုတွေ ဆက်တိုက်ရှိနေပြီး အောင်မြင်တဲ့ သရုပ်ဆောင်တစ်ဦးအဖြစ်နဲ့ ပရိသတ်အားပေးမှုကိုလည်း အခိုင်အမာရရှိထားသူတစ်ယောက်ပါပဲ။ ရင်ခုန်ချင်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို အမြဲ လိုလိုဝေမျှတတ်သူတစ်ဦးလည်းဖြစ်ပါတယ်။

သူမရဲ့မြန်မာဆန်ဆန်ပုံရိပ်လေးတွေကို " စိမ်းစိမ်းစိုစိုလေးတွေမြင်ရင် မြန်းရင်ထဲ အလိုလိုအေး ချမ်းနေရော " ဆိုပြီး လူမှုကွန်ယက်မှာဝေမျှလိုက်တာပဲဖြစ်ပါတယ်။ စံမြန်းလေးကို ချစ်တဲ့ ပရိသတ်ကြီးအတွက် စံမြန်းရဲ့ ချစ်စဖွယ်မြန်မာဝတ်စုံနဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက် တယ်နော်။

Photo - Wint Yamone Naing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။