ချစ်စရာကောင်းတဲ့ သူလေးအဖြစ် ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တဲ့ မင်းသမီးချောလေးဖြစ်တဲ့ နန်းစန္ဒာလှထွန်းက သူမရဲ့ ချစ်စရာကောင်းတဲ့ အပြုံးလေးကြောင့် ပရိသတ်တွေရဲ့ အားပေးမှုတွေကို အချိန်တိုအတွင်းမှာ ရရှိခဲ့တဲ့ သူလေးဖြစ်ပါတယ်။ ပရိသတ်တွေ စစသိတုန်းက နန်းစန္ဒာလှထွန်း မှဟုတ်ရဲ့ လားလို့ မေးယူရလောက်အောင် အရမ်းကို လှလာပြီး ရင့်ကျက်တည်ငြိမ်လာတဲ့ သူလေးကို မြင်တွေ့ရမှာပါ။

လက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားတွေကို ရိုက်ကူးလျက်ရှိပြီး ပရိသတ်တွေအတွက် အရည်အချင်းရှိတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်အောင် ဆက်လက်ကြိုးစားလျက်ရှိတာကို မြင်တွေ့ရမှာပါ။ မိန်းကလေးပီပီ အရမ်းကို ချစ်စရာကောင်းပြီး တက်ကြွဖြတ်လတ်တဲ့ လူငယ်လေးတစ်ယောက်အဖြစ် မြင်တွေ့ရမှာဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားတွေထဲမှာဆိုရင်တော့ ဇာတ်ကောင်အတိုင်းတစ်ထပ်ထဲကျအောင် သရုပ်ဆောင်နိုင်တဲ့ အနုပညာပါရမီရှင်လေးဖြစ်ပါတယ်။

ယခုတော့ မကြည့်ရရင် မနေနိုင်လောက်အောင် SHAYI ဝတ်စုံလေးနဲ့ တစ်မျိုးဆန်းစွာ လုံလုံခြုံခြုံနဲ့ ရိုးရိုးရှင်းရှင်းလေးလှနေတဲ့ ပုံလေးတွေကို တင်ပြီး " အချစ်ကရိုးရှင်းပါတယ် တစ်ကယ်ချစ်တဲ့လူက ဂရုစိုက်တယ်တစ်ကယ်မချစ်တဲ့သူက အကြောင်းပြပြီးပြစ်ပယ်တယ် ... ကိုယ်ကတော့ ယူတို့ရဲ့အချစ်တွေထဲမှာ နှစ်မွန်းနေတာအမှန်ပဲ " ဆိုပြီး ပရိသတ်တွေကို ချစ်စရာကောင်းအောင် စကားလေးဆိုရင်း ပရိသတ်တွေရဲ့ နှလုံးသားတွေကို အရယူခဲ့တာဖြစ်ပါတယ်။

Source:Nan Sandar Hla Tun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။