သရုပ်ဆောင် မင်းသမီးချောလေး ပိုင်ဖြိုးသုကတော့ ငယ်ငယ်ရွယ်ရွယ်လေးနဲ့ အရည်အချင်းရှိပြီး ထူးချွန်ထက်မြက်တဲ့ အကယ်ဒမီဆုရှင် မင်းသမီးတစ်ဦး ဖြစ်ပါတယ်။ ဆရာဝန်အလုပ်ကိုစွန့်လွှတ်ပြီး ဝါသနာပါတဲ့ အနုပညာအလုပ်ကိုသာ တစိုက်မတ်မတ် လုပ်ကိုင်နေတဲ့ ပိုင်ဖြိုးသုက အောင်မြင်မှုပန်းတိုင်ကိုလည်း ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် သုသုက မကြာသေးခင်ကမှ ဒါရိုက်တာ ဏကြီးနဲ့လက်ထပ်ပြီးသာယာတဲ့ အိမ်ထောင်သည်ဘဝလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။

သွားအတူ လာအတူဖြစ်ကြတဲ့ သုသုတို့စုံတွဲလေးက ပွဲအခမ်းအနားတွေကို အတူတူ တက်ရောက်လေ့ရှိပြီး အရင်လက ကျင်းပပြုလုပ်ခဲ့တဲ့ "နှင်းဆီပုဝါခြုံတဲ့လက်" အငြိမ့်ပွဲကြီးကိုလည်း စုံတွဲလိုက် သွားရောက်ကြည့်ရှုခဲ့ပါတယ်။ ဒီပွဲလေးမှာတော့ နှင်းဆီအဖွဲ့သားတွေရဲ့ ဟာသပြက်လုံးတွေအောက်မှာ သုသုတစ်ယောက် အူတက်အောင် ရယ်မောခဲ့ရပါတယ်။ အခုလည်း ထွန်းထွန်းက သုသုရဲ့ Snap ပုံလေးတွေကို တင်ပြီး ဆေးထိုး စနောက်ထားပါတယ်။

ထွန်းထွန်းက " သုသုတို့ များ သိပ်မရီ ပါဘူး " ဆိုပြီး ခေါင်းငိုက်စိုက်ကျတဲ့အထိ အားရပါးရ ရယ်မောနေတဲ့ သုသုရဲ့ပုံလေးတွေကို တင်ထားတာပဲ ဖြစ်ပါတယ်။ သုသုတစ်ယောက် ထွန်းထွန်းတို့အဖွဲ့ရဲ့ ဖျော်ဖြေမှုကို သဘောတွေကျပြီး ရယ်နေတာကလည်း တကယ့်ကို ချစ်စရာကောင်းနေတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ထွန်းထွန်းကိုယ်တိုင် ဆေးထိုးထားတဲ့ သုသုရဲ့ အခွီပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Htin Aung Tun;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။