ခင်ဝင့်ဝါနှင့် နာမည်ကြီးနေတဲ့ ဇေရဲထက်တစ်ယောက်က သင်ဇာနွယ်ဝင်းနှင့်အတူ ဗီဒီယို ဇာတ်ကားအသစ်ရိုက်ကူးနေပါတယ်တဲ့။

ထိုဇာတ်ကားရဲ့ အမည်ကတော့ 'မိုးနံ့သင်းတဲ့ နေမဝင်ည' ဖြစ်ပါတယ်။ ထိုဇာတ်ကားထဲမှာတော့ သုံးပွင့်ဆိုင် ဇာတ်လမ်းဖြစ်ပြီး ဒရာမာ ဇာတ်လမ်းမျိူးဖြစ်ပြီး အသေးအစိတ်ကိုတော့ မသိရသေးပါဘူး။ ထိုဇာတ်ကားရဲ့ ဇာတ်ဝင်ခန်း အချို့ကိုတော့ အောက်မှာ ဖော်ပြထားပါတယ်။

ထိုကားအပြင် ဇေရဲထက်တစ်ယောက်ဟာ မော်ဒယ်တွေ အများကြီးဖြစ်တဲ့ အောင်လေး၊ ပိုင်တံခွန် အစရှိတဲ့ သူတွေပါဝင်တဲ့ ဇာတ်ကား အသစ်ကိုလဲ ရိုက်ကူးနေဆဲဘဲဖြစ်ပါတယ်။ ဇာတ်ကား နာမည်က Star of Future (အနာဂတ်ရဲ့ကြယ်ပွင့်လေးများ) ဖြစ်ပြီး ဇာတ်ကား ရဲ့ ဇာတ်လမ်း အတိအကျ မထွက်သေးပေမဲ့ မော်ဒယ်ဘွိုင်းတွေ ကို အသားပေးပြီး ရိုက်ကူးမှာဖြစ်ပြီး လူငယ်ကြိုက်ဇာတ်လမ်းမျိူးလဲဖြစ်ပါတယ်ဆိုပြီး တစ်စွန်းတစပြောသွားပါတယ်။

ကယ် မင်းသမီးတွေကို အမြဲ ဆော်နေတဲ့ ဇေရဲထက်က ဒီကားထဲမှာရော ဘယ်လို အနေအထားမျိုးဖြစ်မလဲ? ကောင်မလေးတွေ အသဲစွဲ မော်ဒယ်တွေ အများကြီးပါတဲ့ ကားဆိုတော့ ဘယ်လောက်ထိတောင်အောင်မြင်မလဲဆိုတာ ပရိသတ်တွေ စောင့်ကြည့်လိုက်ရအောင်....

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။