ပရိတ်သတ်ကြီးရေ ချစ်စရာကလေးလေးနှစ်ယောက်ကို မွေးဖွားထားတဲ့ ခေးနှစ်ယောက်မေမေ ချစ်သုဝေကတော့ အနုပညာအလုပ်တွေကို တစ်စိုက်မက်မက်လုပ်ဆောင်နေရင်း သူမချစ်တဲ့ ပရိတ်သတ်ကြီးအတွက် ဆေးပညာဗဟုသုတတွေကို မျှဝေနေကျဖြစ်ပါတယ်။ချစ်သုဝေက အနုပညာလောကထဲကို စတင်ဝင်ရောက်လာကတည်းက ချစ်စရာကောင်းတဲ့ အမူအရာ ယဉ်ကျေးတဲ့ အပြောအဆိုလေးတွေေကြောင့် ပရိတ်သတ်တွေ အရမ်းချစ်ရတဲ့ မင်းသမီးချောလေးပါ။

ချစ်သုဝေက အဆိုတော်လင်းလင်းနဲ့ အိမ်ထောင်ကျသွားပြီးချိန်မှာတော့ သီချင်းတွေကို ချစ်ခင်ပွန်းနဲ့ အတူတူဖန်တီးပြီး အခုဆိုရင် ဒုတိယအခွေတောင် ထွက်ရှိထားပါပြီ။ပရိတ်သတ်တွေက အားပေးကြမ်းကြလွန်းလို့ ပရိတ်သတ်တွေကြားမှာ အရမ်းကိုပေါက်ခဲ့တဲ့ ချစ်သုဝေရဲ့ ဒုတိယ စီးရီးပဲဖြစ်ပါတယ်။ကလေးနှစ်ဖတ်နဲ့ ရည်ရွယ်ချက်လေးကို ပြည့်မြောက်အောင် လုပ်နိုင်လို့ ချစ်သုဝေကတော့ အရမ်းကိုပျော်နေပါတယ်နော်။

ချစ်သုဝေက အခုနောက်ပိုင်းမှာ ကလေးနှစ်ယောက်နဲ့ပဲ အနုပညာအလုပ်တွေကို နိုင်သလောက်လေးလုပ်နေတာပဲဖြစ်ပါတယ်။ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ကလည်း ပရိတ်သတ်ရဲ့ အချစ်တော် အသည်းကျော်လေးတွေပဲဖြစ်ပါတယ်။ကလေးနှစ်ယောက်အမေချစ်သုဝေကလည်း နုငယ်ပျိုမျစ်တဲ့ အလှတရားတွေနဲ့ အရမ်းကို ချစ်စရာကောင်းနေဆဲပါ။အခုဆိုရင်တော့ ခေးမေလေး ချစ်သုဝေက မန္တလေးကို သီချင်းဆိုဖို့အတွက်နဲ့ပွဲတစ်ခုတက်ရောက်ဖို့ သွားနေပြီး ခေတ်နဲ့သစ်တို့ ညီအစ်မနှစ်ယောက်မပါတော့ လွတ်လပ်ပေါ့ပါးပြီးကလေးဆန်နေတဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

Source:Chit Thu Wai

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။