ပရိသတ်ကြီးရေ.. သရုပ်ဆောင်မင်းသားချော အလင်းရောင်ကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေအပြည့်အဝရရှိထားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်..။

သရုပ်ဆောင်ပိုင်နိုင်မှုတွေကြောင့်လည်း အောင်မြင်တဲ့အနုပညာရှင်တစ်ဦးဖြစ်သလို ချောမောပြီးယောကျၤားပီသမှုတွေကြောင့်လည်း မိန်းကလးပရိသတ်တွေရဲ့ သည်းသည်းလှုပ်အားပေးဝန်းရံမှုတွေကို ရရှိထားသူပဲ ဖြစ်ပါတယ်..။

အနုပညာအလုပ်တွေနဲ့ ဇာတ်ကားတွေဆက်တိုက်ရိုက်ကူးနေတဲ့ အလင်းရောင်ကတော့ လတ်တတလောမှာလည်း ဒါရိုက်တာဦးကျော်သူရိုက်ကူးနေတဲ့ "ဂမ္ဘီရမျက်လုံး"ဆိုတဲ့ ဇာတ်ကားမှာလည်း ပါဝင်သရုပ်ဆောင်နေတာ တွေ့ရပါတယ်နော်..။

အလင်းရောင်ကတော့ ဇာတ်ကားရိုက်ကွင်းမှာ ဖောင်စီးခန်းရိုက်ကူးနေစဉ် ဖောင်ပေါ်မှာတင်ထားတဲ့ ဓားနဲ့မတော်တဆထိကာ ခြေထောက်ဒဏ်ရာရရှိခဲ့ပြီး သွေးမြေခဲ့ရလို့ ဦးကျော်သူတို့ရဲ့ နာကူ(ရန်ကုန်)မှ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ပိုးသတ်ဆေးများနဲ့ ဆေးကြောကာ ဆေးထည့်ပြီး ကုသပေးခဲ့ရတယ်လို့ ဆိုပါတယ်နော်..။

ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ခြေထောက်သွေးမြေခဲ့ပေမယ့် မင်းသားချောလေးအလင်းရောင်ကတော့ မညီးမညူးပဲ ညဘက်ဇာတ်ဝင်ခန်းတွေကို ည(၁၀)နာရီအထိ ရိုက်ကူးခဲ့ပါသေးတယ်လို့လည်း သိရပါတယ်နော်..။

ဝါသနာပါပြီး ချစ်မြတ်နိုးသူရဲ့ အနုပညာအလုပ်တွေကြောင့် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပေမယ့် ဒဏ်ရာတွေကိုမမူပဲ ကြိုးစားလုပ်ဆောင်တတ်တဲ့ အလင်းရောင်ကိုတော့ ဦးကျော်သူကလည်း ချီးကျူးစကားလေးဆိုထားသလို အလင်းရောင်ကလည်း သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ "ဟီးးးး

ကံကော်နီမှာ တခါ

ဂမ္ဘီရမျက်လုံးမှာတခါ

ငါပဲသွေးမြင်ရင်မူးလဲတတ်နေတာများလားမသိ.." ဆိုပြီးတော့လည်း ရိုက်ကွင်းအမှတ်ပုံရိပ်လေးတွေကို ပြန်လည်မျှဝေထားတာ တွေ့ရပါတယ်နော်..။

Photo - ဦးကျော်သူ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။