နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲအချစ်တော်အုပ်စိုးခန့်တစ်ယောက်ကတော့ သူ့ရဲ့ချောမောလှတဲ့ရုပ်ရည်၊ စမတ်ကျလှတဲ့ဖက်ရှင်တို့ကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့သည်းသည်းလှုပ်ချစ်ခင်အားပေးခြင်းကို ရရှိထားသူပါ။ သူ့ရဲ့အသံချိုချိုလေးကလည်း ဆွဲဆောင်မှုတွေထဲက တစ်ခုဆိုရင်လည်း မမှားနိုင်ပါဘူးနော်။ 

ပရိသတ်တွေချစ်ခင်စွာနဲ့မခိုင်လေးလို့ခေါ်ကြတဲ့ သရုပ်ဆောင်ခိုင်သင်းကြည်ရဲ့တစ်ဦးတည်းသောချစ်သမီးလေး စံထိပ်ထားဦးဟာ မိခင်လိုပဲ အနုပညာအလုပ်ကို ဝါသနာပါသူတစ်ယောက်ဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှုတွေအနေနဲ့ ကြော်ငြာများနဲ့ မဂ္ဂဇင်းဓာတ်ပုံများလည်းရိုက်ကူးနေပြီး လူငယ်အနုပညာရှင်တစ်ယောက်ဖြစ်သည့်အတွက် သူမရဲ့သရုပ်ဆောင်မှုများဟာ သွက်သွက်လက်လက်လေးနဲ့ ချစ်စရာကောင်းနေတာလည်း ဖြစ်ပါတယ်။ သူမရဲ့မိခင်ဖြစ်တဲ့ ခိုင်သင်းကြည်ဟာလည်း ထိပ်ထိပ်လေးအတွက် အမြဲတမ်းSupporting လုပ်ပေးနေတာလည်း ဖြစ်ပါတယ်။ 

လက်ရှိမှာအောင်မြင်နေတဲ့ တက်သစ်စလူငယ်သရုပ်ဆောင်လေးတွေဖြစ်ကြတဲ့ အုပ်စိုးခန့်နဲ့စံထိပ်ထားဦးတို့ဟာ သြင်္ကန်အတွက် ကြော်ငြာလေးတစ်ခုကိုရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ မတွဲစဖူး အတွဲထူးနေတဲ့သူတို့အနုပညာမောင်နှမနှစ်ယောက်ဟာ ရှုတင်အားလပ်ချိန်မှာတော့ Tik Tok လေးဆော့ကာ သူတို့ရဲ့လူမှုကွန်ယက်မှာ ဝေမျှလိုက်တာပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းလွန်းတဲ့ ဒီအနုပညာမောင်နှမနှစ်ယောက်ရဲ့ Tik Tok Video လေးကို တင်ဆက်ပေးလိုက်ရပါတယ်နော်။

Source - San Htake Htar Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။