မြန်မာလက်ရွေးစင်အသင်းကတော့ဖီဖာအသိအမှတ်ပြုခြေစမ်းပွဲတွေကိုခုမှာကစားနေတာဖြစ်ပါတယ်။မနေ့ကတရုတ်တိုင်ပေအသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့ပြီးတစ်ဖက်ဂိုးမရှိနဲ့သရေကျခဲ့တာဖြစ်ပါတယ်။မြန်မာအသင်းကိုယာယီနည်းပြအဖြစ်တာဝန်ယူထားတဲ့ဦးမျိုးမင်းထွန်းကတော့သူ့ရဲ့ ပထမဆုံးနိုင်ငံတကာပွဲစဉ်မှာရလဒ်ကောင်းတစ်ခုယူနိုင်ခဲ့တာဖြစ်ပါတယ်။ 

မြန်မာအသင်းဟာအသင်းရဲ့အဓိကကစားသမားအစုံအလင်ကိုထည့်သွင်းကစားသွားခဲ့ပြီးအကောင်းဆုံးခြေစွမ်းတွေကိုပြသွားခဲ့ပါတယ်။ထိုင်းလိဒ်မှာကစားနေတဲ့ဇော်မင်းထွန်းနဲ့အောင်သူတို့လည်းပါဝင်ခဲ့ပြီးအောင်သူကတော့လူစားလဲဝင်ရောက်ကစားခဲ့တာဖြစ်ပါတယ်။ 

ဒီပွဲစဉ်မှာဘောလုံးလောကမှအချိန်တော်ကြာနားနေရတဲ့ငြိမ်းချမ်းအောင်လည်းဝင်ရောက်ကစားခဲ့ပြီးအောင်သူနဲ့တွဲလုံးတွေကယူ၂၀တုန်းကပွဲကြည့်နေရသလိုပါပဲ။နှစ်သင်းလုံးအပိုင်အခွင့်အရေးတွေရပေမယ့်အသုံးမချနိုင်ခဲ့လို့ဂိုးမရခဲ့တာပါ။ဒုတိယပိုင်းမှာအောင်သူရဲ့ထိုးဖောက်မှုတွေနဲ့ပိုဖိအားပေးနိုင်ပေမယ့်တစ်ဖက်ဂိုးသမားအကောင်းဆုံးကာကွယ်ခဲ့တာပါ။သရေရလဒ်ထွက်ခဲ့ပေမယ့်အောင်သူ၊ငြိမ်းချမ်းအောင်တို့ရဲ့ယူ၂၀တုန်းကခြေစွမ်းတွေပြသနိုင်တာကြောင့်နောက်ပွဲတွေပိုကောင်းလာမယ့်ခြေစွမ်းတွေကိုလည်းစောင့်မျှော်အားပေးကြပါဦးနော်။

Source - MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။