ပါးချိုင့်လေးနဲ့အပြုံးအလှပိုင်ရှင်မလေး အေးမြတ်သူတစ်ယောက်ကတော့ ပရိတ်သတ်တွေအားပေးချစ်ခင်ရတဲ့ ထိပ်တန်းမင်းသမီးလေးတစ်ဦးလည်း ဖြစ်ပါတယ်။ ဖော်ရွေပျူဌာတတ်တဲ့သူမရဲ့ဖြူစင်သောစိတ်ထားလေးတွေကြောင့်လည်း အနုပညာရှင်များအပြင် ပရိတ်သတ်များကချစ်ခင်ကြတာပဲ ဖြစ်ပါတယ်။ 

အသက်သုံးဆယ်ကျော်လို့ ထင်ရက်စရာမရှိလောက်အောင် သူမရဲ့နုပျိုမှုတွေကလည်း အံ့မခန်းပါပဲနော်။ သူမဟာ လတ်တလောအနေနဲ့ကားရိုက်တွေကိုလျော့ထားပြီး ခရီးသွား Program တွေပဲ ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် မိဘတွေကို လုပ်ကျွေးပြုစုနေတဲ့ သမီးအလိမ္မာလေးလည်း ဖြစ်ပါတယ်။ 

သူမကတော့ လက်ရှိမှာတော့ သွေးကြွေးဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးရန် တောင်ကြီးမြို့ကိုရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးမှာ အောင်ရဲလင်း ၊ အိချောပို ၊ မေမြင့်မိုရ်စတဲ့ အနုပညာရှင်များစွာလည်း ပါဝင်ပါတယ်။ ပရိသတ်တွေကချစ်စနိုးနဲ့ခေါ်ကြတဲ့ မမြတ်လေးကတော့ ဒီဇာတ်ကားကြီးရဲ့ရိုက်ကွင်းပုံရိပ်တွေကို သူမရဲ့ပရိသတ်တွေအတွက် ပုံရိပ်လေးတွေဝေမျှလိုက်တာပါ။ ပရိသတ်ကြီးလည်း ဒီဇာတ်ကားထဲကပုံရိပ်လေးတွေကို ကြည့်ရှုအားပေးကြပါဦးနော်။

Source - myatlay8686

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။