ပရိသတ်ကြီးရေ....သရုပ်ဆောင်မင်းသမီးသွန်းဆက်ဟာဆိုရင် ဗီဒီယိုရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးထားတာဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားကြီးထဲမှာလည်း သဘာဝကျကျ ဇာတ်ရုပ်ပိုင်နိုင်စွာ ပါဝင်သရုပ်ဆောင်ထားတာကိုပရိသတ်ကြီးတို့အနေနဲ့ ရှုမြင်ခံစားခဲ့ကြမှာဖြစ်ပါတယ်။ သူမရဲ့ကလေးတစ်ယောက်လိုချစ်ဖို့ကောင်းတဲ့ မျက်နှာထားလေးကြောင့် တတိုင်းပြည်လုံးရှိ ပရိသတ်တွေက ချစ်ခင်အားပေးလျက်ရှိတာဖြစ်ပါတယ်။

ဘာသာတရားကိုင်းရှိုင်းသူတစ်ယောက်လည်းဖြစ်ပြီး အလှူသဒ္ဓါတရားထက်သန်သူလည်းဖြစ်ပါတယ်။ ခေတ်ဆန်ဆန် အင်္ကျီလေးတွေကို စတိုင်လ်သေသေသပ်သပ် ဝတ်တက်တဲ့အတွက်ကြောင့် အမြဲ အလှတွေပိုနေတာဖြစ်ပါတယ်။ မြန်မာဆန်ဆန်ဝတ်စုံလေးတွေနဲ့လည်းတစ်ကယ့်ကိုကြည့်ကောင်းသူတစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ အခုတစ်လောအနုပညာလှုပ်ရှားမှုတွေကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေထဲမှာ အများဆုံးပါဝင်ရိုက်ကူးထားတာဖြစ်ပြီး၊ photo shooting တွေ၊ ပွဲလမ်းသဘင်တွေမှာလည်းသူမရဲ့ လှပတဲ့ ပုံရိပ်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။

သွန်းဆက်ကပရိသတ်ကြီးနဲ့အဆက်အသွယ် မပြတ်ရအောင်လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်။ အခုတစ်ခါမှာဆိုရင်လည်းပုရိသ တွေစွဲမက်ဖွယ် ဆွဲဆောင်မှုအလွန်ရှိသော အင်္ကျီလေးကိုဝတ်ဆင်ထားပြီး အမှတ်တရအနေနဲ့ ဓာတ်ပုံလေးတွေရိုက်ကူးခဲ့တာဖြစ်ပါတယ်...။ သူမရဲ့ official facebook acc တွင် "Gravity အပြင်ဘက်ကို ခုန် ထွက်လိုက်ရင် ဒါမျိုးတွေ ဘယ်စားလို့ ရမှာလဲ နော့်" ဆိုတဲ့ status လေးနဲ့တကွ ထုတ်ဖော်တင်ဆက်ထားတာဖြစ်ပြီး Myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်...။

Source Thun Sett

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။