ကြော်ငြာမင်းသမီးချောလေး ယွန်းဝတီလွင်မိုးကတော့ အိမ်ထောင်ကျပြီး ချစ်စရာကောင်းတဲ့ သားချောလေးတစ်ယောက်ကို မွေးဖွားခဲ့ပါတယ်။ လွင်ထက် (Liam) လို့ အမည်ပေးထားတဲ့ ယွန်းရဲ့သားလေးကတော့ မွေးစအရွယ်ကတည်းက ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေကို ခံယူရရှိခဲ့သလို လူချစ်လူခင် ပေါများတဲ့ ကလေးလေးလည်း ဖြစ်ပါတယ်။ အခုဆိုရင် ယွန်းတို့ဇနီးမောင်နှံက သြစတေးလျမှာ ကျောင်းပြန်တက်နေရတာကြောင့် Liam လေးက ဘိုးဘိုး၊ဘွားဘွားတွေနဲ့ နေထိုင်နေရတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ Liam လေးကို ဘွားဘွားမေသူက ပြုစုစောင့်ရှောက်နေပြီး လက်ကမချနိုင်အောင် အချစ်ပိုနေတာ ဖြစ်ပါတယ်။ ဘွားဘွား မေသူကတော့ မြေးဦးလေးကို မွေးစအရွယ်လေးကတည်းက အနီးကပ်ပြုစုစောင့်ရှောက်ခဲ့ပြီး မေတ္တာတွေ အပြည့်အဝပေးခဲ့သူလည်း ဖြစ်ပါတယ်၊၊ အခုလည်း ဘွားဘွားမေသူက ချစ်စရာကောင်းတဲ့ မြေးချောလေးရဲ့ အူဝဲဘဝပုံရိပ်လေးကို တင်ထားတာ တွေ့ရပါတယ်။

ဘွားဘွားမေသူက '' I love him so much'' ဆိုပြီး မြေး Liam ရဲ့ ပုံလေးနှစ်ပုံကို ယှဉ်တွဲတင်ထားတာပဲ ဖြစ်ပါတယ်။ အရမ်းကို ချစ်ဖို့ကောင်းတဲ့ Liam လေးကတော့ တဖြည်းဖြည်းနဲ့ ကြီးပြင်းလာခဲ့တာဟာ အခုဆိုရင် အသက် (၇) လကျော် အရွယ်ရှိနေပြီ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် Liam လေးရဲ့ မွေးကင်းစအရွယ်က အသည်းယားစရာကောင်းတဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: May Thu & Yunwaddy;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။