myanmar idol ရဲ့ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ ဘီလီလမင်းအေးကတော့ ပြိုင်ပွဲယှဉ်ပြိုင်နေခဲ့စဉ်အတွင်းမှာလဲ ပရိသတ်တွေရဲ့ အားပေးမှုကိုရရှိနေသလို ယခုမှာ ပရိသတ်တွေရဲ့ ချစ်ခင်မှုကိုရရှိနေသူလေးပဲဖြစ်ပါတယ်။သူမကတော့ ချစ်စရာကောင်းတဲ့ အပြုအမှုလေးတွေ ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေကြောင့် ပရိသတ်တွေရဲ့ အချစ်တော်လေးဖြစ်နေပါပြီ။  

Myanmar Idol ကို စတင်ပြိုင်ကာစ က ဖြူဖြူစင်စင်ရိုးရိုးသားသား ကျောင်းဆရာမလေး ဘီလီ ကတော့ အခုချိန်မှာ အနုပညာနယ်ပယ်ထဲမှာ ခြေချရင်း ဓာတ်ပုံရိုက်ကူးမှုတွေ ပြုလုပ်ရာ ကနေ ခပ်လန်းလန်း ဘီလီလေး ဖြစ်လာပါပြီနော် ။အနုပညာရှင်ဖြစ်လာတာနဲ့အမျှ သူမဟာ ဖက်ရှင်အမြင်ရှိလာပြီး အရင် ကထက် ပိုမို လှပပြီး ပိုဖက်ရှင်ကျလာလို့ အရမ်းကိုကြွေချင်စရာကောင်းလာပါ တယ် နော် ။

ယနေ့မှာတော့ ဘီလီလမင်းအေးတစ်ယောပအိုဝ်းအမျိုးသားနေ့ပွဲလေးကို တိုင်းရင်းသားရိုးရာဝတ်စုံလေးဝတ်ဆငိပြီး တတ်ရောက်ခဲ့ပါတယ်။ ဘီလီလမင်အေးကတော့ "ပအိုုဝ်း အမျိုးသားနေ့မှာပါဝင်ခွင့်ရတဲ့ အတွက် ကျေးဇူးအများကြီးတင်ပါတယ်နော်။ (တိုုင်းရင်းသူလေးကျွန်မ" ဆိုပြီးရေးသားထားခဲ့ပါတယ်။ချစ်ပရိသတ်တွေအတွက် ဘီလီလမင်းအေးရဲ့ ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

source:ဘီလီလမင်းအေး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။