သရုပ်ဆောင်ဆုပန်ထွာကတော့ အောင်မြင်နေတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး သရုပ်ချက်အမျိုးမျိုးကို ပိုင်နိုင်ကျွမ်းကျင်တဲ့ အနပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူမကတော့ ချစ်စရာကောင်းတဲ့ မိသားစုလေးကိုတည်ဆောက်ထားပြီး သူမရဲ့ ချစ်စရာသားဦးလေးကို ပိုင်ဆိုင်ထားပါတယ်။ သူမရဲ့ သားလေးကြောင့် ချစ်စရာကောင်းတဲ့ အပြုးလေးတွေ ပွင့်လန်းလာနိုင်ခဲ့ပါတယ်။ 

သူမတို့မိသားစုလေးကတော့ ချစ်ပရိသတ်တွေ အရမ်းအားကျရပြီး အရမ်းချစ်ရတဲ့ ပရိသတ်အချစ်တော်မိသားစုလေးဖြစ်ပါတယ်။သူမကတော့မိသားစုကို အချိန်ပေးနေပြီး ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောင်ထားနိုင်ပါတယ်။သူမရဲ့ ချစ်စရာကောင်းလွန်းတဲ့ သားလေးကတော့ ယခုမှာ ပရိသတ်တွေရဲ့ အချစ်တော်လေးဖြစ်နေပါတယ်။ 

ယနေ့လေးမှာတော့ ဆုပန်ထွာတစ်ယောကိ သူငယ်ချင်းရဲ့ဆိုင်လေးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါတယ်။ သူမကတော့ "ဒီမနက် "May July Fashion Shop” ဖွင့်ပွဲမှာ ဖဲကြိုးဖြတ်ဖွင့်ပေးခဲ့တဲ့ သူငယ်ချင်းရဲ့ဆိုင်လေး။လွန်ခဲ့သော နှစ် ၂၀ ကျော်ကတည်းက ခင်ခဲ့ချစ်ခဲ့ရသော သူငယ်ချင်းလေး ! သူ့ဆိုင်ဖွင့်ပွဲလေးမှာ ချင်းထည်အိန်းကျႌလေးအရောင်ဆင်တူဝတ်ရင်း ပီတိလေးကိုဖြစ်လို့။ ဒီဖွင့်ပွဲလေးအတွက် ချင်းထည်ပန်းရောင်လေးကို သေချာ ယက်ခိုင်းထားပြီးဆင်တူဝတ်ဖို့ သူကကြိုစီစဉ်ထားပေးတာ ချစ်စရာ။"ဆိုပြီးရေးသားထားပါတယ်။

source:ဆုပန်ထွာ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။