သီချင်းအလန်းစားတွေကို ပြုလုပ်ဖန်တီးခဲ့ပြီး ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုကို ရယူပိုင်ဆိုင်ထားတဲ့ အဆိုတော် အားတီကိုလည်းသိကြမယ်ထင်ပါတယ်နော်။ "ညမွှေးပန်း" သီချင်းဗီဒီယိုလေးနဲ့ လူငယ်ပရိသတ်တွေကြား ရေပန်းစားအောင်မြင်လာပြီး အမြဲဆန်းသစ်တဲ့ဖက်ရှင်အလန်းစားနဲ့ သီချင်းသစ်တွေကိုလည်း ပရိသတ်ကြီးအတွက် အမြဲဖန်တီး တင်ဆက်ပေးလေ့ရှိတာဖြစ်ပါတယ်။အဆိုတော် အားတီဟာ "ချဉ်၊ငံ၊စပ်" စားသောက်ဆိုင်လုပ်ငန်းကိုလည်း ဦးစီးလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ လတ်တလောထွက်ရှိထားတဲ့ " Moving Colors " ဆိုတဲ့ တေးစီးရီး Album အသစ်လေးဟာဆိုရင်လည်း တစ်ကယ့်ကို အားပေးမှုအခိုင်အမာရရှိထားတာဖြစ်ပါတယ်။

"ဝဲ" သီချင်းလေးနဲ့ social media လောကပေါ်တွင် နာမည်ကြီးလူကြိုက်များခဲ့ပြီး လူငယ်ပရိသတ်တွေ ရဲ့အသည်းနှလုံးကို ထိုးဖောက်နိုင်ခဲ့တဲ့ သီချင်းအေးအေးလေးတွေဖြင့် ဖန်တီးရေးစပ်ဖျော်ဖြေခဲ့တာဖြစ်ပါတယ်...။ "Midnight Thoughts" ဆိုတဲ့ သီချင်းAlbumခွေလေး နောက်ဆုံးထွက်ရှိထားပြီး သူမကိုယ်တိုင် အိမ်အရောက်ပို့ဝန်ဆောင်မှုလေးတွေနဲ့ ပရိသတ်တွေအပေါ်လေးစားသမှု ဘယ်လောက်ရှိကြောင်း ပြခဲ့တာကို မြင်တွေ့ရမှာပါ...။

X Box ရဲ့လတ်တလော အနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ ပရိသတ်တို့အတွက် သီချင်းအလန်းစားလေးတွေကို ပြုလုပ်ဖန်တီးပေးလျက်ရှိတာဖြစ်ပါတယ်။ show ပွဲတွေလည်း လိုက်လံဖျော်ဖြေတင်ဆက်ရပြီး စင်မြင့်ထက်က အမိုက်စားအသံတွေကို ကြားခဲ့ရမှာ ဖြစ်ပါတယ်...။ သိပ်မကြာခင်ကထွက်ရှိထားတဲ့ "HURT" ဆိုတဲ့သီချင်းလေးဟာဆိုရင်လည်း Jessica Parry ဆယ်ကျော်သက် အဆိုတော်မလေး နဲ့တွဲဖက်သီဆိုထားတာဖြစ်ပြီး social media လောကမှာ အောင်မြင်ကျော်ကြား ပျံ့နှံ့လျက်ရှိတာဖြစ်ပါတယ်နော်...။ အခုတစ်ခါမှာဆိုရင်လည်း သူတို့သူငယ်ချင်းသုံးယောက်Joox Thailand ရဲ့ရုံးသို့သွားရောက်လည်ပတ်ခဲ့တာဖြစ်ပါတယ်..။ အဆိုပါအကြောင်းကို "အားတီရယ် မေရီရယ် X-Boxရယ် Joox Thailand ရဲ့ရုံးကို လည်လည်သွားခဲ့တယ်" ဆိုတဲ့ status လေးနဲ့အတူ official facebook acc တွင်ထုတ်ဖော်ပြသထားပြီး Myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်...။

Source Thi Ha Tun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။