ပရိသတ်တွေချစ်ကြတဲ့ မျိုးဆက်သစ် ရွှေကြိုမောင်မယ်လေးတွေကတော့ မကြာခင် ကျင်းပပြုလုပ်တော့မယ့် အကယ်ဒမီဆုပေးပွဲကြီးအတွက် ကြိုတင်ပြင်ဆင်မှုတွေကို ပြုလုပ်နေကြပြီ ဖြစ်ပါတယ်။ ဒီနှစ်ရဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကြီးကိုတော့ လာမယ့် မတ်လ ၂၃ ရက်နေ့၊ " The One Entertainment Park '' မှာ ကြီးကျယ်ခမ်းနားစွာ ကျင်းပပြုလုပ်မှာ ဖြစ်တာကြောင့် ပရိသတ်တွေနဲ့ အနုပညာရှင်တွေရဲ့ ရင်ခုန်သံတွေကလည်း မြန်ဆန်နေတာ ဖြစ်ပါတယ်။

ချစ်စရာကောင်းတဲ့ ရွှေကြိုမောင်မယ်လေးတွေကလည်း ဆုပေးပွဲကြီးအတွက် အပြင်းအထန် လေ့ကျင့်မှုတွေကို ပြုလုပ်နေကြတာ တွေ့ရပါတယ်။ ဒီနေ့မှာလည်း ရွှေကြိုမောင်မယ်လေးတွေက ''Seoul Myanmar '' ဆိုင်လေးမှာ နေ့လည်စာ အတူသွားစားခဲ့ကြပါတယ်။ ပျော်ပျော်ပါးပါး နေ့လည်စာစားနေတဲ့ သူတို့အဖွဲ့လေးက တစ်ယောက်ကိုတစ်ယောက် စနောက်နေတာလည်း တွေ့ရပါတယ်။

ပျော်ရွှင်စရာကောင်းတဲ့ သူတို့အဖွဲ့လေးရဲ့ ဗီဒီယိုဖိုင်လေးမှာတော့ ဘုန်းမင်းနေလက ဆောင်းယွန်းစံကို ဘေးကနေ လိုက်စနောက်နေတာတွေ့ရပါတယ်။ အချင်းချင်း အပြန်အလှန် စနောက်ကျီစယ်နေကြတဲ့ ရွှေကြိုလေးတွေရဲ့ အမူအရာလေးတွေကလည်း တကယ့်ကို ချစ်ဖို့ကောင်းနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ရွှေကြိုမောင်မယ်လေးတွေရဲ့ ပုံလေးတွေနဲ့ ဗီဒီယိုဖိုင်လေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Thazin Htoo Myint & Saung Yoon San; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။