ပရိတ်သတ်ကြီးရေ ကလေးသရုပ်ဆောင်အနေနဲ့ ငယ်စဉ်ကတည်းက အနုပညာအလုပ်တွေကိုလုပ်ကိုင်လာတဲ့ အိစိကွေး ဆိုတဲ့မင်းသားချောလေးကတော့ အခုချိန်မှာဆိုရင် ဆယ်ကျော်သက်အရွယ်ကို ရောက်ရှိနေပါပြီနော်။အိစိကွေးက ကလေးသရုပ်ဆောင်အနေနဲ့ ပရိတ်သတ်တွေကို ဖမ်းစားနိုင်ပြီး အိုင်တင်အရမ်းကောင်းတဲ့ကလေးလေးပါနော်။အခုချိန်ထိလည်း အနုပညာအလုပ်တွေကိုတစ်စိုက်မက်မက်လုပ်ဆောင်နေပြီး ပရိတ်သတ်တွေအတွက် အသစ်အသစ်တွေကိုဖန်တီးနေပါတယ်။

ဆယ်ကျော်သက်အရွယ်ကိုရောက်ရှိလာတဲ့ အိစိကွေးကတော့ ငယ်ရွယ်ချောမောမှုတွေနဲ့ ပျိုမဒီလေးတွေကြားမှာ ရေပန်းစားနေပါတယ်နော်။အိစိကွေးက အခုချိန်ထိလည်း ငယ်ရုပ်လေးမပျောက်သေးဘဲ ဖြူစင်တဲ့မျက်နှာလေးကိုပိုင်ဆိုင်ထားဆဲပါ။အိစိကွေးကို အားပေးချစ်ခင်တဲ့ ပရိတ်သတ်တွေကလည်း လူကြီး လူငယ် အားပေးကြတာဖြစ်လို့ ခိုင်မာတဲ့ပရိတ်သတ်ကိုရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

အိစိကွေးက အခုနောက်ပိုင်းမှာ ပညာရေးကိုလည်း ကြိုးစားသလို အနုပညာအလုပ်တွေကိုလည်း စိတ်နှစ်ပြီးကြိုးစားပါတယ်။အိစိကွေးရဲ့ သရုပ်ဆောင်အိုင်တင်တွေကလည်း အရင်ထက် ပိုကောင်းပြီး ပိုတော်လာတာဖြစ်လို့ သရုပ်ဆောင်ချက်တွေက မှင်သက်စရာပါပဲ။အခုဆိုရင်တော့ အိစိကွေးက"မင်းဘာလို့အမြဲဆွေးနေတာလဲတဲ့ မေးတယ်အခုကြည့်နေတဲ့မင်းသာ ပြန်ချစ်မယ်ဆိုရင် ဆွေးစရာမလိုဘူးလို့ ပြန်ဖြေခဲ့တယ်"ဆိုပြီးယရင်ခုန်စရာစာသားလေးတွေနဲ့အတူ သူ့ရဲ့ခပ်မိုက်မိုက်ပုံလေးတွေကို လူမှုကွန်ယက်စာမျက်နှာမှာ မျှဝေထားပါတယ်။

Source:Ei Si Kway

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။