ချစ်ပရိတ်သတ်ကြီးရေ နာမည်ကြီး မိန်းကလေးအများစုရဲ့ အချစ်တော်ကြီး Beauty Blogger ချောလေးနေခြည်ဦးကိုတော့ ပရိတ်သတ်ကြီး အသဲစွဲချစ်ကြမယ်ထင်ပါတယ်။သူမရဲ့ ပွင့်ပွင့်လင်းလင်း စကားပြောဟန် သွက်သွက်လက်လက်နဲ့ အမူအရာဟန်ပန်လေးတွေကြောင့် မိန်းကလေးအများစုရဲ့ အချစ်တွေကိုပိုင်ဆိုင်ထားရတာလည်းဖြစ်ပါတယ်။ချီချီဟာ beauty blogger အဖြစ်လူသိများကျော်ကြားလာကာ နောက်ပိုင်းမှာတော့ ကြော်ငြာ ဗီဒီယိုဇာတ်ကားတွေသာမကပဲ ရုပ်ရှင်ဇာတ်ကားများရိုက်ရသည်အထိ အောင်မြင်မှုရရှိလာသူဖြစ်ပါတယ်။

သူမရဲ့ ဖက်ရှင်ဟာဆိုရင်လည်း ခေါင်းအစခြေအဆုံး အမြဲအသစ်သစ်တွေ အမိုက်စားတွေနဲ့ မရိုးနိုင်အောင်လန်းနေတာကြောင့်မိန်းကလေးအများစု အားကျ နှစ်သက်နေရသူလေးလည်းဖြစ်ပါတယ်။ လတ်တလောမှာတော့ ချီချီဟာ ချစ်သူရဲ့ မွေးနေ့လေးကို အကြီးကျယ်ဆုံး supriseပြုလုပ်ပေးကာ အမှတ်တရလေးတွေဖန်တီးပေးခဲ့တာတွေ့ရပါတယ်။မွေးနေ့ပါတီလေးကိုလည်း အခမ်းနားဆုံး ပြုလုပ်ခဲ့တာလည်းဖြစ်ပြီး မွေးနေ့အမှတ်တရပုံလေးတွေနဲ့အတူ "အတူရှိနေပေးတာရယ်

မွေးနေ့လေးကို အမှတ်တရဖြစ်အောင်

လုပ်ပေးတာရယ်နဲ့တင် တကယ်ကျေးဇူးတင်တယ်။

ပါရမီဖြည့်ဘက်တင်မဟုတ်ဘဲ ဘဝလက်တွဲဖော်အထိ

ဒီမွေးနေ့ကနေစပြီး နောက်မွေးနေ့တွေအများကြီးအထိ

ဖြတ်သန်းချင်တယ် နေခြည် " ဆိုတဲ့ စာလေးကို အောင်နွေးဦးဟာသူရဲ့အကောင့်လေးမှာဖော်ပြထားတာတွေ့ရပါတယ်။

ပုံလေးတွေတိုင်းမှာ နှစ်ယောက်လုံး အရမ်းလိုက်ဖက်ကာ ချစ်ဖို့ကောင်းလွန်းနေတာလည်းဖြစ်ပါတယ်။ချီချီတို့ စုံတွဲလေးကတော့ ပရိသတ်တွေအားကျနေရတဲ့ ဆယ်လီစုံတွဲလေးဆိုလည်းမမှားပါဘူး။ကဲချစ်ပရိသတ်ကြီးတွက် ချီတို့ စုံတွဲလေးရဲ့ အမှတ်တရပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်။

Source:Aung Nway Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။