ပရိတ်သတ်တွေကြားထဲမှာ ပိုပို လို့ နာမည်တွင်လာတဲ့ အဆိုတော် ကောင်မလေး တစ်ယောက်ကတော့ တေးသီချင်းတွေကို ကိုယ်တိုင်ဖန်တီး ကိုယ်တိုင်သီဆိုပြီး သီချင်းတွေကို ပရိတ်သတ်ရဲ့ နားထဲရောက်အောင် အသံချိုချိုလေးနဲ့ ဆွဲဆောင်နိုင်တာဖြစ်လို့ သူမရဲ့သီချင်းတွေကို ပရိတ်သတ်တွေကတစ်ခဲနက်အားပေးကြတဲ့ အဆိုတော်မလေး တစ်ယောက်ပါ။သီချင်းဆိုရတာကို ဝါသနာပါတဲ့ ပိုပိုက သီချင်းတွေကို ဖန်တီးတဲ့ နေရာမှာလည်း အရမ်းတော်တဲ့အပြင် သူမရဲ့သီချင်းတွေမှာလည်း ကိုယ်တိုင်ပါဝင်သရုပ်ဆောင်တာဖြစ်လို့ အိုင်တင်တွေကလည်း တကယ်ခံစားသွားရပါမယ်နော်။ 

ပိုပိုရဲ့ သံစဉ်တွေက ကိုယ်တိုင်ခံစားရင်းရှာဖွေထားတဲ့ သံစဉ်လေးတွေမို့ ပိုပို့ကို အားပေးတဲ့ ပရိတ်သတ်ကြီးကလည်း ရင်နဲ့ခံစားနားထောင်းရင်းနဲ့ ပိုပို့ရဲ့ ခံစားချက်လေးတွေကို နားလည်လို့ ဂရုဏာတွေပိုကာ အားပေးချစ်ခင်လာရတာဖြစ်ပါတယ်။ပိုပိုက အရင်ကထက်ပိုပြီး ပရိတ်သတ်ကို ဂီတ လက်ရာတွေပေးဖို့ အတွက် အလုပ်ကိုကြိုးစားပမ်းစားလုပ်ဆောင်နေပြီး အသစ်အသစ်တွေကိုလည်း ဆက်လက်ဖန်တီးနေလို့ သူမရဲ့တေးသီချင်းလေးတွေကိုလည်း ပရိတ်သတ်က ရင်ခုန်စွာနဲ့စောင့်မျှော်နေဆဲပါ။

ပိုပိုက အခုနောက်ပိုင်းမှာ သီချင်းအသစ်တွေလည်း ဖန်တီးရင်း ဖိတ်ကြားတဲ့ပွဲတွေကိုလည်း လှလှပပလေးနဲ့တက်ရောက်တဲ့ အပြင် ပွဲတွေမှာလည်း သီချင်းတွေသီဆိုရင်း ဂီတလမ်းကြောင်းကို ဖြည်းဖြည်းချင်း လှုပ်ရှားနေပါတော့တယ်။ပိုပိုရဲ့ အလှကလည်း အခုနောက်ပိုင်းမှာ ပိုပိုပြီး လှလာတာ ပရိတ်သတ်ကြီးရဲ့ အမြင်ပါပဲနော်။ဒါ့အပြင် ပိုပိုက မိန်းမကောင်းပီသစွာနဲ့ အိမ်မှု့ကိစ္စတွေကိုလည်း နိုင်နင်းပါတယ်နော်။သူမကိုယ်တိုင်ချက်ပြုတ်ထားတဲ့ ဟင်းလျာတွေကို ပရိတ်သတ်ကြီး သွားရည်ကျအောင် မျှဝေပေးလိုက်ပါတယ်နော်။

Source:ဝတ်ရည်မိုး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။