မော်ဒယ်သရုပ်ဆောင်လင်းအောင်ခေတ်တစ်ယောက် မန္တလေးမြို့ ရဲ့The Body Shop ဆိုင်ဖွင့်ပွဲကို တက်ရောက်ခဲ့တဲ့ သူ့ရဲ့အမိုက်စားပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှ လိုက်တာပဲဖြစ်ပါတယ်။ အပြုံးချိုချိုလေးတွေနဲ့ နှုတ်ခမ်းနီမလေး တွေကို ဆွဲဆောင်လွန်း နိုင်သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ အစိမ်းရောင်ကုတ်အင်္ကျီလေးနဲ့ အရမ်းကို ခန့်လွန်းသန့်လွန်းနေတဲ့ ပုံရိပ်လေးက တကယ်ကိုကြွေချင်စရာပါပဲ။

Line Walker 2 ဇာတ်ကားမှာလည်း Casting အောင်မြင်သွားတဲ့အတွက်ကြောင့် ပါဝင် သရုပ်ဆောင် ခဲ့ပြီး သရုပ်ဆောင်တဲ့ အပိုင်းတွေမှာလည်း မြန်မာတွေမညံံ့ဘူးဆိုတာကို သက်သေပြနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ မော်ဒယ်အဖြစ်နဲ့အနုပညာ လောကထဲကို စတင်ဝင် ရောက်ခဲ့ပြီး အောင်မြင်တဲ့ မော်ဒယ်သရုပ်ဆောင်တစ်ဦးအဖြစ်သို့ ရောက်ရှိနေပြီပဲ ဖြစ်ပါ တယ်။

သူရဲ့ရင်ခုန်ဖွယ်ပုံရိပ်လေးတွေဟာ ပျိုပျိုမေတို့ကိုအချိန်တိုင်းဆွဲဆောင်နေနိုင်ပြီး ဒီတစ်ခေါက်ပွဲတက် ပုံရိပ်လေးတွေဟာလည်း ရင်ခုန်ချင်စရာကောင်းလောက်အောင် သန့်လွန်းနေပါတယ်။ " မန္တလေးမြို့ ရဲ့The Body Shop ဆိုင်ခွဲဖွင့်ပွဲ အမှတ်တရ ဒီထက်မကအောင်မြင်ပြီး ဆိုင်ခွဲပေါင်းများစွာဆက်လက် ဖွင့်လှစ်နိုင်ပါစေ လာပေးတဲ့ အချစ်တွေ အားလုံးကိုလဲ ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ. " ဆိုပြီး ပွဲတက်ပုံရိပ်တွေကို ဝေမျှခဲ့တာပဲဖြစ်ပါတယ်။

PHoto - Linn Aung Khit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။