တစ်ခေတ်တစ်ခါက ပရိသတ်တွေပါးစပ်ဖျားမှာရေပန်းစားခဲ့တဲ့ နှင်းဝတ်ရည်သောင်းနဲ့ အေးဝတ်ရည် သောင်းဆိုတဲ့ ညီမနှစ်ယောက်ဟာ အနုပညာလောကမှာ နေရာ တစ်နေရာအတူတူရရှိခဲ့ပြီးနောက် အနုပညာအလုပ်တွေကို ခေတ္တခဏပြန်လည်ရပ်နား လိုက်ကြတာပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ မအေးသောင်းတစ်ယောက်တည်းသာ အနုပညာလှုပ်ရှားမှုတွေရှိနေပြီး သူမအနေနဲ့ကတော့ အင်္ဂလန် နိုင်ငံမှာ ခင်ပွန်း ဖြစ်သူနဲ့ အတူနေထိုင်ရင်း ဘဝကို အေးအေးလူလူဖြတ်သန်းနေတာပဲဖြစ်ပါတယ်။

သူမကသရဲအရမ်းကြောက်တတ်သူမို့ မိခင်က စနောက်လိုက်တာပဲဖြစ်ပါတယ်။ အလုပ်ထဲ မှာ ဖြစ်တာမို့ မိခင်နဲ့ Video Call ပြောလို့မရ ရုပ်ပြောင်လေးတွေပို့နေရင်းက မိခင်ဖြစ်သူက သရဲပုံစံ ရုပ်ပြောင်ပုံ ပို့လိုက်တဲ့အခါမှာတော့ Online ပေါ်ကပါ ဆင်းသွားပြီး ပြန်မတက် လာတော့ဘူးလို့ ဆိုပါတယ်။ ချစ်စရာကောင်းတဲ့ မေမေနဲ့သမီးပါပဲ။

ချစ်ရတဲ့သမီးလေးကို စနောက်လိုက်ပုံကို မိခင်ဖြစ်သူက " သမီးကြီး Hnin Thaung အင်္ဂလန် အလုပ်ထဲမှာ အမေနဲ့စကားပြောလို့မရတော့ ပုံပြောင်တွေလုပ်ပို့ပြီး စကားပြော နေကြတာ သူက သူရဲအရမ်းကြောက်တာလေ အမေက သူရဲပုံလည်းပို့ရော ထွက်ပြေးတာ တန်းနေတာဘဲ ပန်မဖွင့်တော့ဘူး သနားပါတယ် Love you My daughter " ဆိုပြီး လူမှု ကွန်ယက်မှာဝေမျှလိုက်တာ ပဲ ဖြစ်ပါတယ်။

Photo - Phyu Phyu Soe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။