အနုပညာလောကထဲကို ဝင်လာတာမကြာသေးတဲ့ ခီမောင်နှံလို့ ချစ်စနိုးခေါ်ကြတဲ့ ဇာဏ်ခီနဲ့ခရစ်တီနားခီတို့ကတော့ အနုပညာအလုပ်စလုပ်တဲ့အချိန်မှာပဲ ပရိတ်သတ်တွေရဲ့တစ်ခဲနက်အားပေးမှု့ကို ခံခဲ့ရပါတယ်။ခရစ်တီနားခီနဲ့ဇာဏ်ခီ တို့က နိုင်ငံခြားမှာ အနုပညာနဲ့ပတ်သက်တာကို အသေးစိတ်သေချာလေ့လာဆည်းပူးပြီးမြန်မာနိုင်ငံကို ပြန်လာကာ မြန်မာ့အလှနဲ့ ခရစ်တီနားခီရဲ့ ဦးနှောက်နဲ့ ပေါင်းစပ်ပြီး အရမ်းကောင်းတဲ့ ဇာတ်ကားတွေကို ရိုက်ကူးခဲ့ပါတယ်။

အဲ့ဒီဇာတ်ကားတွေကိုလည်း ပရိတ်သတ်တွေ နှစ်ခြိုက်သဘောကျခဲ့ကြပါတယ်။နောက်ထပ်လည်း ဇာတ်ကားတွေထပ်ရိုက်သွားဖို့ အစီအစဉ်တွေလည်း ရှိနေပါသေးတယ်။ပရိတ်သတ်တွေကလည်း ခီမောင်နှံရဲ့လက်ရာကို ယုံကြည်လို့ အားပေးဖို့ အဆင်သင့်ပါပဲ။ခီမောင်နှံက တစ်ယောက်ကို တစ်ယောက်လည်း အရမ်းချစ်ကြပါတယ်။စိတ်သဘောထားပြည့်ဝတဲ့ မိန်းမက သူမရဲ့ ယောကျာ်းကို အမြဲ ဦးစားပေးတဲ့သူပါ။

စိတ်သဘောထားလေးပြည့်ဝသူမို့ မျက်နှာလေးကလည်း ကြည်လင်ပြီး လူချစ်လူခင် ပေါများတဲ့သူပါ။ခရစ်တီနားခီကလည်း ရိုးရိုးယဉ်ယဉ်လေးနဲ့လှတဲ့သူပါ။အခုနောက်ပိုင်းမှာ အနုပညာအလုပ်တွေကိုလည်း တစ်စိုက်မက်မက်လုပ်ဆောင်လာပြီး ဇာတ်ကားအသစ်တွေလည်း ထွက်ရှိတော့မှာပါနော်။အခုဆိုရင်တော့ ခီမောင်နှံက စိတ်အပန်းဖြေတဲ့အနေနဲ့ ခရီထွက်နေကြပြီး ရေကူးကန်ထက်က ဇနီးမောင်နှံနှစ်ယောက်ရိုနေတဲ့ ပုံရိပ်လေးတွေကိုမျှဝေပေးလိုက်ပါတယ်နော်။

Source:Christina Kyi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။