အပျိုကြီးမမ မအေးသောင်းတစ်ယောက် ဒီနေ့ကတော့ သူမအတွက် တကယ့်ကိုအမှတ် တရဖြစ်မယ့် နေ့ဖြစ်မှာအသေအချာပါပဲ။ အိမ့်ချစ်နဲ့အတူ မိုရီဆာကီဝင်းတို့ " PrizmaX " အဖွဲ့တွေအားလုံး အတူတူ တွေ့ဆုံခဲ့ကြ ပြီး အကုန်လုံးအတူတူပျော်ပျော်ရွှင်ရွှင်ဓာတ်ဖမ်း ခဲ့ကြတာပဲဖြစ်ပါတယ်။ အဖွဲ့ထဲမှာ သူမက အသက်အကြီးဆုံးဆိုတော့ ကလေးထိန်းရတော့ သဘောဖြစ်နေတာပေါ့နော်။

အနုပညာလောကထဲကို တကျော့ပြန်ဝင်ရောက်ခဲ့တဲ့ သူမရဲ့ခြေလှမ်းတွေဟာ လှပခဲ့ပြီး သောင်း သောင်းဖျဖျကြိုဆိုမှုတွေဟာလည်း အနုပညာရှင်တစ်ယောက်ကို အားတက် စေခဲ့ပါတယ်။ လက်ရှိ အချိန်ထိ တစ်ကိုယ်တည်းအပျိုကြီးအဖြစ်နဲ့ ရပ်တည်နေပြီး ချစ်ရ တဲ့သူ အကြောင်းကိုတော့ မကြာ ခဏပြောတတ်ပါသေးတယ်။ သူမရဲ့ မင်္ဂလာသတင်း လေးကို လည်းအားလုံးက မျှော်လင့်နေကြ ပါတယ်။

သူမတို့ရဲ့ပုံရိပ်လေးကို " ကလေးတွေထိန်းရတဲ့နေ့ပဲကွယ်။ ယူတို့ရဲ့အဝင်းကတအားဆော့ တယ်။ ကိုယ့်ကိုတောင်ရောင်းစားမှာ " ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ ချစ်စရာ ကောင်းတဲ့ကလေးတွေမို့ အပျိုကြီးမမလည်း ထိန်းရတာပျော်နေပုံပါပဲ။

Photo - Aye Thaung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။