Justin Bieber နဲ့ Hailey Baldwin တို့ရဲ နှစ်ယောက်ရဲ့အချစ်ဟာ ပရိသတ်တွေအမြင်မှာ ဟိုလိုလို ဒီလိုလို ဘယ်လိုပြောရမလဲမသိ နားလည်ရခက်တဲ့ ချစ်ခြင်းပါပဲ။ လူတွေကြားထဲမှာလဲ JB တစ်ယောက်ကို Hailey ကိုတကယ်ချစ်ရဲ့လားဆိုတဲ့ မေးခွန်းဟာလဲ စဉ်းစားစရာကိစ္စပါပဲ။ ခုဆိုရင်လဲ Hailey တစ်ယောက် JB ကိုကလေးတစ်ယောက်လို နှစ်သိမ့်နေတာကိုတွေ့ရှိရပါတယ်။ JB ဟာလဲ လက်ထပ်မဲ့ကိစ္စအတွက် တွေးပူနေတာပဲဖြစ်ပါတယ်။ 

အရင်ရက်တွေမှာတော့ နှစ်ယောက်ဟာ ပျော်ရွှင်စရာအချိန်တွေဖန်တီးကာ သူတို့ကိုယ်ပိင်အချိန်တွေမှာ ပျော်ရွှင်ခဲ့ကြပါတယ်။ ခုဆိုရင်လဲ Newport ကမ်းခြေမှာ အပန်းဖြေရင် ခုလိုမျိုး Hailey က JB ကိုဖက်ထားခြင်းဖြစ်ပါတယ်။ JB တစ်ယောက်ဟာလဲ ကြာလေကြာလေ သနားစရာ လူတစ်ယောက်လို့ဖြစ်နေပါတော့တယ်။ Hailey အသက်ဟာ ၂၂နှစ်ဖြစ်ပြီး JB အသက်ကတော့ ၂၅နှစ်ဖြစ်ကာ သူကို Haileyကအမြဲနှစ်သိမ့်အားပေးနေတာကိုလဲ အမြဲတမ်းလိုလုိတွေ့ရှိရပါတယ်။ Hailey တစ်ယောက် JB ကိုချစ်တာကတော့ လူတွေအမြင်မှာ လုံးဝကိုသိသာထင်ရှားပါတယ်။ 

JB ကသူလထဲမှာ တော်တော်လေးကို စိတ်ဓာတ်တွေကျနေကာ ခုဆိုရင်လဲ Hailey ကိုခက်ထန်တဲ့စကားတေွပြောကာ ခုလိုမျိုး ဝမ်းနည်းကာ Haileyကသူကိုဖက်ထားတာလို့ တွေ့မြင်သူတစ်ယောက်ကပြောခဲ့ပါတယ်။ JB ရဲ့အမေလဲ နောက်မှာတော့ အဲ့နေရာကိုလာရောက်ခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။ သူငိုလာမငိုလားတော့မသိဘူး စိတ်ဓာတ်ကျနေတာတော့အမှန်ပဲလို့ နောက်ထပ်တစ်ယောက်ကပြောခဲ့ပါတယ်။ အခုချိန်ဟာ လက်ထပ်ဖို့အတွက် နေ့ကိုအာရုံစိုက်ရမှာမဟုတ်ပဲ JB ရဲ့အခြေအနေကိုပဲ အာရုံစိုက်ရမှာလို့ သတင်းတစ်ခုကပြောပြခဲ့ပါတယ်။ 

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။