မန်ယူအသင်းမှာဒဏ်ရာကြောင့်အနားယူနေရပြီးပွဲထွက်ခွင့်မရတဲ့တိုက်စစ်မှူးဆန်းချက်ကိုဂျူဗင်တပ်အသင်းကခေါ်ယူဖို့သတင်းတွေထွက်လာပါတယ်။ဆန်းချက်ဟာအာဆင်နယ်အသင်းကနေမန်ယူအသင်းကိုပြောင်းရွေ့ပြီးနောက်ပိုင်းခြေစွမ်းပြနိုင်ပေမယ့်ဒဏ်ရာတွေမကြာခဏရရှိတာကြောင့်အသင်းရဲ့ပွဲစဉ်တွေကိုလွဲချော်နေတာဖြစ်ပါတယ်။

ဂျူဗင်အသင်းကတော့သူတို့ရဲ့အသင်းကိုပိုကောင်းမွန်ချင်တာဖြစ်တာကြောင့်ဆန်းချက်လိုကစားသမားကောင်းတစ်ဦးကိုခေါ်ယူလိုတာပဲဖြစ်တယ်။ဂျူဗင်အသင်းကတော့မကြာသေးခင်ကလည်းဆန်းချက်ရဲ့ကစားဖော်ဟောင်းရမ်ဆေးကိုခေါ်ယူဖို့သဘောတူညီမှုရရှိခဲ့တာကြောင့်သူတို့နှစ်ယောက်တွဲလုံးတွေကိုပြန်မြင်ရဖို့ရှိနေတာပါ။

ဂျူဗင်တပ်အသင်းဟာလည်းသူတို့ရဲ့အဓိကကစားသမားရော်နယ်ဒိုနဲ့ကစားဖို့ကမ္ဘာ့အဆင့်တိုက်စစ်မှူးတစ်ဦးကိုခေါ်ယူချင်တာဖြစ်ပါတယ်။ဆန်းချက်သာပြောင်းရွေ့ခဲ့ပါကကမ္ဘာကျော်ဘောလုံးသမားနှစ်ဦးနဲ့ကစားဘူးတဲ့ကစားသမားအဖြစ်မှတ်တမ်းဝင်မှာပါ။ဘာစီလိုနာမှာကစားခဲ့စဉ်ကမက်ဆီနဲ့တူတူခြေစွမ်းပြကစားခဲ့ပြီးခုမှာရော ရော်နယ်ဒိုနဲ့တွဲပြီးခြေစွမ်းပြနိုင်မလားဆိုတာကတော့စိတ်ဝင်စားစရာပဲဖြစ်ပါတယ်။

Source- Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။