သုသုလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ အကယ်ဒမီသရုပ်ဆောင်မင်းသမီးချောလေး ပိုင်ဖြိုးသုကတော့ အနုပညာလောကမှာ ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝရရှိထားသူပဲ ဖြစ်ပါတယ်နော်..။

သရုပ်ဆောင်ပိုင်နိုင်ကျွမ်းကျင်မှုတွေအပြင် ရိုးသားပွင့်လင်းပြီး ချစ်စရာကောင်းတဲ့ ဟန်ပန်အမူအရာလေးတွေကြောင့်လည်း ယောကျၤားလေးပရိသတ်တွေအပြင် မိန်းကလေးပရိသတ်တွေကလည်း အားပေးချစ်ခင်နေကြတာလည်း ဖြစ်ပါတယ်နော်..။

အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်သလိုခင်ပွန်းဖြစ်သူ ဒါရိုက်ဏကြီးနဲ့အတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ဖြတ်သန်းနေသူလေးလည်း ဖြစ်ပါတယ်နော်..။

တစ်ယောက်ကို တစ်ယောက် ချစ်ခင်မြတ်နိုးမှုလေးတွေနဲ့ ကြည်နူးစရာအိမ်ထောင်ရေးလေးကို နှစ်ယောက်အတူ တည်ဆောက်ထားကြတဲ့ ဒါရိုက်ဏကြီးနဲ့ သုသုတို့ကတော့ မကြာခဏလည်း တစ်ယောက်နဲ့တသ်ယောက် ကျီစယ် စနောက်တတ်ကြတာလည်း တွေ့ရပါတယ်နော်..။

အခုတစ်ခါမှာလည်း သုသုလေးတစ်ယောက် ခင်ပွန်းဖြစ်သူဒါရိုက်တာဏကြီးရဲ့ ချစ်စနိုးလေး.စနောက်ကျီစယ်မှုလေးကို မခံချိမခံသာဖြစ်ပြီး ရွှေစိတ်တော်လေး ကောက်နေပုံရပါတယ်နော်..။

ခင်ပွန်းဖြစ်သူရဲ့ စနောက်မှုအကြောင်းလေးကိုလည်း "ကိုဏကြီးတို့များ ရိုင်းချက်ကိုပြောပြမယ်...

ဟိုနေ့က ရုတ်တရက်ကြီးစိတ်ကူးထပေါက်ပြီးပြောတယ်...

"ကျွန်တော်က မွေးမြူရေးသူဌေး" ဆိုပဲ....

ဒီကလည်း အမှတ်မရှိသွားမေးမိတယ်...

"ဘာတွေများရှင်ကမွေးထားလို့ မွေးမြူရေးသူဌေး ဖြစ်တာလဲ"လို့...

သူကြီးကပြန်ဖြေတယ်....

"ကျွန်တော်က ဂါမဏိဆိုတဲ့ခွေးဂျပုတစ်ကောင်ကိုပိုင်သလို ပိုင်ဖြိုးသုဆိုတဲ့ ဝက်ဂျပုတစ်ကောင်လည်းပိုင်တယ်လေ" တဲ့....

သူများကိုစော်ကားတာ!!!!

ကြည့်နေ...ပိန်အောင်ဝိတ်ချပြမယ်!!!!

ပိန်ချင်နေပါပြီ!!! .." ဆိုပြီး သုသုလေးတစ်ယောက် ခင်ပွန်းဖြစ်သူရဲ့ ချစ်စနိုးနဲ့ ကျီစယ်စနောက်မှုလေးကို မခံချိမခံသာ ဖြစ်နေတာလေးကိုက တကယ်ကို ကြည်နူးစရာကောင်းပါတယ်နော်..။

Photo - ပိုင်ဖြိုးသု

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။