လူငယ်ပရိသတ်တွေကြားမှာသူ့ရဲ့သီချင်းတွေကလက်ခံအားပေးမှုအမြင့်ဆုံးမှာရှိနေပြီးအောင်မြင်နေတာကတော့ G Fattပဲဖြစ်ပါတယ်။သူ့ရဲ့မြူးကြွတဲ့သီချင်းလေးတွေအချစ်သီချင်းလေးတွေကတစ်နိုင်ငံလုံးကလူငယ်တွေအကြိုက်သီချင်းတွေပဲဖြစ်ပါတယ်။

သူရဲ့အနုပညာနဲ့ပရိသတ်တွေအပေါ်ထားတဲ့စေတနာတွေကြောင့်ယခုလိုအချိန်တိုတွင်းမှာအောင်မြင်လာတာဖြစ်ပါတယ်။showပွဲလေးတွေတိုင်းမှာလည်းအများဆုံးပါဝင်ဖျော်ဖြေရပြီးပရိသတ်တွေကလည်းသူ့ပွဲတိုင်းဆိုအပြည့်ပါပဲ။ချစ်ရတဲ့ပရိသတ်တွေရဲ့မေ့မရတဲ့အမှတ်တရလက်ဆောင်တွေကြောင့်လည်းပရိသတ်တွေကိုပိုချစ်နေတဲ့သူတစ်ဦးပါ။

ခုမှာလည်းသူ့ရဲ့အမာခံပရိသတ်တစ်ဦးကြောင့်ပျော်ရွှင်ခဲ့ရတာပါ။G fattပွဲရှိတယ်ဆိုလို့ ရန်ကုန်ကနေမော်လမြိုင်ထိပြန်လာပြီးအားပေးခဲ့တဲ့ပရိသတ်တစ်ဦးနဲ့တွေ့ခဲ့ရတာဖြစ်ပါတယ်။မိုင်ပေါင်းများစွာကွာဝေးပေမယ့်သူ့ကိုအားပေးနေတဲ့ပရိသတ်တစ်ဦးနဲ့g fattရဲ့ပုံရိပ်လေးတွေကိုလည်းပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ကပါတယ်။

photo - G Fatt

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။